"မောင် နေမကောင်းဘူးလား မျက်နှာလည်းမကောင်းဘူး"
"နေကကောင်းပါတယ် နှလုံးသားကမကောင်းတာ"
"ဘယ်လိုဖြစ်လို့"
"မောင်တို့ရပ်ကွက်ကို အသစ်ပြောင်းလာတဲ့ဒေါက်တာလေးလေ အရင်နေ့ကဆေးခန်းထိုင်တယ်"
"အင်း"
"အဲတာ မောင်သူ့ကိုချစ်မိသွားလို့ "
"အင်း"
"သူကမောင့်ကိုငြင်းတယ် ဆင်းရဲလို့ထင်ပါတယ်မမရယ်"
"အဲ့မိန်းကလေးကို သိပ်ချစ်မိသွားလား မောင်"
"မိန်းကလေးမဟုတ်ဘူး မမ ယောက်ျားလေး"
"အော် ဟမ်"
"မမကိုသစ္စာဖောက်တာမဟုတ်ပါဘူး"
"သူ့နာမည်ကဘယ်လိုခေါ်လဲ ဘယ်မှာနေလဲ"
"သူ့နာမည်က မွန်ဌေးကိုကို ပါ
မောင်တို့ နှစ်လမ်းကျော်မှာနေတယ်""မောင့်ကိုစိတ်ဆိုး....."
ရဲခမောင် စကားတောင်မဆုံး ခင်မမပျိုဝုန်းကနဲထကာ ထွက်သွားသည်။
ခင်မမပျို မောင်ပြောတဲ့ လမ်းဆီရောက်လာခဲ့တယ်။ လမ်းကိုနှစ်ခေါက်လောက်ပြန်လျှောက်ပြီး သေချာရှာကြည့်တော့မှ တွေ့ပါပြီ။ ဒေါက်တာမွန်ဌေးကိုကို ဆိုတဲ့ဆိုင်းပုတ်တည်ထားတဲ့ဆေးခန်း။
ခင်မမပျို ဆေးခန်းတံခါးကိုဆွဲဖွင့်ကာ ဝင်လာတော့ ဆေးခန်းကုတင်ပေါ်မှာ ဝမ်းလျားမှောက်ကာ ဂိမ်းဆော့နေတဲ့ယောက်ျားပျိုတစ်ယောက်။"ဒေါက်တာမွန်ဌေးကိုကိုရှိလား"
ခင်မမပျိုမေးမှ ကုတင်ပေါ်ကဆင်းလာပြီး
"ကျွန်တော်က ဒေါက်တာမွန်ဌေးကိုကိုပါ
လူနာကဘာဖြစ်.....""ဝုန်း!!"
ခင်မမပျို ထိုကောင်လေးကိုထိုင်ခုံပေါ် တွန်းချပြီး ကော်လံစကဆွဲကာ
"ရဲခမောင်ကို နင်ငြင်းတယ်ဆို"
"ကျုပ်ဘာသာ ဘာလုပ်လုပ်ပေါ့ ခင်ဗျားနဲ့ဘာဆိုင်လို့"
YOU ARE READING
အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)
General Fictionဗဟုသုတရစရာ ဘာမှမရှိပါဘူး နောက်ထပ်အရူးထထားတာပါ cover crd to Pinterest