~15~

35 3 1
                                    





"မောနင်း အကိုဟိန်းညိုသွေး"



ဒီနေ့ ဟင်းချက်တာဝန်က အငယ်ဆုံးဖြစ်တဲ့ ဇွဲကနေစတာမို့ အစောကြီးထပြီး အောက်ထပ်ဆင်းလာတော့ သူ့အရင်နိုးနေတဲ့ ဟိန်းညိုသွေးက ဆိုဖာပေါ်ထိုင်ကာ စာအုပ်ထဲ ဈာန်ရောက်နေတာမို့ သူကပဲ အရင်စနှုတ်ဆက်လိုက်သည်။


"ကို့ယ် နာမည်ကိုအပြည့်အစုံ‌ခေါ်နေတာ
မမောဘူးလား အမောင်ဇွဲ"


"ကျွန်တော် ဘယ်လိုခေါ်ရမှန်းမသိလို့ပါ အကိုဟိန်းညိုသွေး"


"ကိုဟိန်း ကိုညို ကိုသွေး ခေါ်လေ ဇွဲရဲ့ ဒါမှမဟုတ် ကိုယ်က နှစ်နှစ်ပိုကြီးတာဆိုတော့ ကိုကိုလို့ခေါ်လေ"


ဟိန်းညိုသွေးက စာဖတ်မပျက်ခပ်တည်တည်နဲ့ပြောလိုက်ပေမဲ့  မနေနိုင်မထိုင်နိုင်ဖြစ်ကာ ယွစိထနေတဲ့သူကတော့ ဇွဲပင်။ ပါးနှစ်ဖက်ကလည်း ရဲလာသလိုခံစားရပြီး နဖူးမှာချွေးစတွေ့ဆို့နေကာ ရင်ဘတ်နေရာမှာလည်း တဒုန်းဒုန်းကနေ ကိုကို ကိုကို ဖြစ်နေလေပြီ။


မျောက်ကလေးက ခုထိကလေးလေးပဲ....



မကြာခင် ခင်မမပျိုလည်း နိုးလာပြီး မီးဖိုခန်းထဲမှာ စကားတပြောပြောနှင့် ရယ်ကာမောကာ ဟင်းကူချက်နေကြသည်။


"ဇွဲ ဒီရက်ပိုင်းအတွင်း အလုပ်နားပေးထားတယ် ဘာလုပ်ချင်လဲ ဘယ်သွားချင်လဲ"



"ကျွန်တော်  "နွေး"ကို သွားချင်တယ်မမ မရောက်ဖြစ်တာလဲ ကြာပြီဆိုတော့လေ"



"အင်း မောင်တို့နိုးလာရင် အတူသွားရအောင်"


"ဟုတ်"


ဟင်းကျက်ပြီးသည်အထိ မောင်နဲ့မွန်တို့က မနိုးလာသေးတာမို့ ကျန်သုံးယောက် ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်နေကြသည်။

ဟိန်းညိုသွေးက ခြံထဲရှိ အပင်တွေကိုရေလောင်းနေပြီး ဇွဲကတော့ သူ့လူကြီးလေးကို  ပြတင်းပေါက်ကနေ ခိုးကာငေးကြည့်နေသည်။

ငေးကြည့်နေရရုံနဲ့တင် မြတ်နိုးလိုက်ရတာ ခင်ဗျားရယ်....



 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now