~7~

57 5 0
                                    



"ရဲခမောင်"

"ဗျာ"

ရဲခမောင် ကုတင်ပေါ်ဝမ်းလျားမှောက်ကာ စာဖတ်နေရင်းမှ မွန်ဌေးကိုကို ကိုလှည့်ကြည့်လာသည်။ ဆိုဖာပေါ်မှာ ဆန့်ဆန့်ကြီးလှဲကာ မျက်လုံးကိုလည်း ပိတ်ထားသေးသည်။ အတော်ပင်ပန်းသွားတာ ဖြစ်မည်။ ဂိမ်းတောင်မဆော့နိုင်တော့။

"ငါ့ကို ဆေးလူးပေးစမ်းပါ"

"ဘာဆေးလဲ ကိုကို"

"လင်ဇီးလည်းရတယ် ဆေးပူလည်းရတယ်"

"မောင့်မှာ ပရုတ်ဆီပဲရှိတယ်"

"ရတယ်"

ရဲခမောင် စားပွဲအံဆွဲထဲမှ ပရုတ်ဆီဗူးလေး ယူကာ ဆိုဖာခုံဆီလှမ်းလာသည်။ မွန်ဌေးကိုကိုက ကိုယ်ကိုတစောင်းစောင်းပေးကာ ဆေးလိမ်းခံဖို့စောင့်နေသည်။

ရဲခမောင်ပရုတ်ဆီဗူးလေး မြှောက်ပြကာ

"ကိုကို ဒါကပရုတ်ဆီလေ

"သူကတော့ ကိုကိုမဟုတ်တဲ့ဆီမှာပေါ့"

"ဟ"

"မင်းဆေးလိမ်းမပေးချင်လဲရတယ်နော် ဖဲ့စရာမလိုဘူး"

"မောင်ကချစ်လို့စတာ 
ပြော မောင်ဘယ်နားလိမ်းပေးရမလဲ"

"ဒီနား ဒီနား"

ဒီနားဆိုပြီး လက်ပြင်ကျောနဲ့ ခါးကို ညွှန်ပြသည်။

"ကိုကို အင်္ကျီချွတ်လေ"

"ငါ့လက်တွေမလှုပ်ချင်ဘူး မင်းချွတ်ပေး"

ရဲခမောင် မွန်ဌေးကိုကိုရဲ့ နောက်ဘက်ကနေ ပြုံးစိစိလုပ်နေသည်။ လိမ်းခိုင်းတဲ့နေရာကို ဖြည်းဖြည်းချင်းပွတ်လိမ်းပေးနေရင်း

"အရမ်းနာနေလား ကိုကို"

"အင်း ငါတခါမှမလုပ်ဘူးဘူးလေကွာ ဖျားတောင်ဖျားချင်လာသလိုပဲ"

"အုံဖွ အုံဖွနော်"

"သက်သာလား ကိုကို"

"အင်း"

"အဲတာ မင်းကြောင့် မင်းသာ မမပျိုကို ပြန်မတိုင်ရင် ငါခုလိုဖြစ်မှာမဟုတ်ဘူး"

ဟုတ်တော့လည်းဟုတ်သည်။ ရဲခမောင်က အဝတ်ထုတ်လေးပဲသယ်ရပေမဲ့ ခင်မမပျိုက တနေကုန် ဆိုင်တကာပတ်ကာ အလှပန်းအိုးကြီးတွေအများကြီးဝယ်လာပြီး မွန်ဌေးကိုကို ကိုသယ်ခိုင်းသည်။ တစ်ခြံလုံး ဟိုရွှေ့ဒီရွှေ့ ခင်မမပျိုစိတ်တိုင်းကျသည်အထိ ရွှေ့ပေးနေရသည်။ ရဲခမောင်ကူဖို့လုပ်ပေမဲ့ ဝင်မကူခိုင်းတာမို့ မနိုင်မနင်းနဲ့ မနေတဲ့ ဒေါက်တာ့ကို ရပ်ကြည့်နေခဲ့ရသည် ။ တနေကုန်လည်း ကားမောင်းတာဝန်ကို မွန်ဌေးကိုကိုကပဲ ယူရသည်။

 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now