~14~

55 3 0
                                    

~~ တူနှစ်ဖြာ ရွှေဂဟေဆက်ဖို့ ~~
~~ သွေမပျက်တဲ့ မေတ္တာ ~~
~~ ရေ‌စက်ရဲ့ ရှေးအလာ ~~~
~~ မနှေးအခါခါ ချင့်တွေး ~~
~~ ဖြစ်ရေးခု သမုဒယနွယ်လာ ~~
~~ အခုဘဝတကယ် ဘယ်မမုန်းတော့လေး လေး ~~

အဖြူရောင် ဇာအလွှာထပ်များစွာဖြင့် ကာရံပြင်ဆင်ထားတဲ့ ခန်းမကျယ်ကြီးထဲတွင် မင်္ဂလာတေးသီချင်းသံက ငြိမ့်ညောင်းသာယာစွာ ထွက်ပေါ်လာသည်။ တက်ရောက်ကြတဲ့ ဧည့်ပရိတ်ပေါင်းများစွာကလည်း အပြုံးကိုယ်စီဖြင့် ခန်းမထဲတွင် မင်္ဂလာမောင်နှံတို့ကို ဂုဏ်ပြုပေးဖို့ စောင့်နေကြသည်။ ပန်းကြဲမည့် ကလေးနဲ့ မင်္ဂလာလက်စွပ် ဗန်းကို ကိုင်ထားတဲ့ ကလေးတို့က လည်းအသင့်ဖြစ်နေကြပြီ။

မင်္ဂလာမောင်နှံတို့က ခုချိန်ထိ အလှပြင်ခန်းထဲက ထွက်မလာကြသေးချေ။

"မောင် မင်းဆံပင်ကိုစည်းမထားနဲ့"

"ငါ ဇာပုဝါခြုံပေးမလို့ စည်းထားတာ"

"မမပျိုကလည်းဗျာ မောင့်ကို"

"နင်ရောတပ်ရမယ်"

ပြောပြောဆိုဆိုပင် ရဲခမောင်ရဲ့ခေါင်းပေါ် ပုဝါခြုံပေးပြီးသည်နှင့် မွန်ဌေးကိုကိုရဲ့ခေါင်းပေါ်ပါ ခြုံပေးလိုက်သည်။

"မတပ်ချင်ရင် ဒီလက်ထပ်ပွဲကထွက်လိုက်"

ခင်မမပျိုရဲ့ ဒါဆိုဒါပဲ ဟူသော အမိန့်ကို မွန်မလွန်ဆန်နိုင်တော့။

သုံးယောက်လုံးရဲ့ ခေါင်းပေါ်ပုဝါခြုံဖို့အကြံမှာ ရဲခမောင်၏အကြံပင်ဖြစ်သည်။ ဒေါက်တာ့ကို ပုဝါနဲ့မြင်ချင်တယ်လို့ ပြောတာကြောင့် ခင်မမပျိုကစီစဉ်ပေးခဲ့သည်။

"မမပျို ဂါဝန်မဝတ်ဘူးလား"

"ပူရအိုက်ရတဲ့အထဲ မဝတ်ချင်ပါဘူး"

"ဒါပေမဲ့ မမပျိုက သတို့သမီးလေ"

"နင်တို့နှစ်ယောက်ကြား ဂါဝန်ကားကား ကားကားနဲ့ ရှုပ်ရှုပ်ယှက်ယှက်"

"ဒေါက်တာကလည်း မမ ဝတ်ချင်တာဝတ်ပါစေ လိုက်မပြောပါနဲ့"

"အင်း မောင့်စကားကိုနားထောင်မယ်"

အလှပြင်ခန်းထဲ ခုထိ ပြင်လို့ဆင်လို့မပြီးသေးတဲ့ သုံးယောက်ကို ထိုင်ကြည့်နေရင်း ဇွဲတစ်ယောက်စိတ်မရှည်တော့ချေ။ သို့ပေမဲ့ မလှမ်းမကမ်းမှာ ထိုသုံးယောက်ကို ကြည့်ပြီးပြုံးနေတဲ့ လူကြီးလေးကြောင့် အခန်းထဲက ထွက်မသွားနိုင်ပဲ ခိုးခိုးကြည့်ရလေသည်။

 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now