~5~

74 5 0
                                    



"မမ ဒေါက်တာဆေးခန်းမလာတာ တစ်ပတ်ရှိပြီ နေမကောင်းဘူးလား"

"‌အသည်းကွဲနေလို့ ဂူအောင်းနေတယ်တဲ့"

"မောင် ဒေါက်တာ့ကိုတွေ့ချင်တယ် မမ"

"လိုက်ပို့ပေးမယ်လေ ခုသွားမလား"

"ဒီတိုင်းကြီးမသွားရဲဘူး သူကမောင့်ကိုသဘောကျတာမဟုတ်ဘူး"

"အင်း"

ရဲခမောင် ခနစဉ်းစားပြီးမှ အကြံထွက်လာပုံရသည်။

"ဒေါက်တာ့အိမ်ရှေ့ သီချင်းသွားဆိုရအောင်မမ"

"မောင်က သီချင်းမဆိုတတ်ဘူးလေ"

"ဟုတ်သား"

"မပူပါနဲ့ မမစီစဉ်ပေးမယ် ညကျ မွန့်အိမ်သွားကြတာပေါ့"

"ဟုတ်မမ"

မွန်ဌေးကိုကို ဆေးခန်းလဲမသွား အပြင်လဲမထွက်နဲ့ အခန်းအောင်းနေတာ တစ်ပတ်ရှိပြီ။ လွန်ခဲ့တဲ့အပတ် ကောင်မလေးကဟော်တယ်မှာတွေ့ဖို့ ချိန်းထားလို့ သွားတွေ့တော့ တခြားယောက်ျားတစ်‌ယောက်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာကို ကြည့်ပြီးပြန်လာခဲ့တယ်။ နှစ်နှစ်ကျော်မျှတွဲလာတဲ့ သူက ဖောက်ပြန်တာမို့ ပိုခံပြင်းရတယ်။
အဲ့နေ့ထဲက ဘယ်မှလည်းမသွား
အခန်းပြင်လဲမထွက် နေနေတာ တပတ်ပြည့်ပြီ ခုထိ ဘယ်သူမှလဲ သူ့သတိမရလို အဆက်အသွယ်လည်းမလုပ်ကြတာမို့ ပိုဝမ်းနည်းနေ၏။

မွန်ဌေးကိုကို စိတ်ညစ်ညစ်နဲ့ ဂိမ်းဆော့လိုက် ဇာတ်ကားတွေကြည့်လိုက်နဲ့ပဲ အချိန်တွေဖြုန်းနေသည်။
ဂိမ်းကလည်း ပွဲပေါင်းရာချီနေပြီ တပွဲမှမနိုင် ။
ဝရန်တာပေါ် ထိုင်ကာ စိတ်ညစ်ညစ်နဲ့သောက်နေတာ ပဲနို့ဗူးကြီးငါးကဒ်ကုန်သွားပြီ
ဗိုက်လည်းတင်းလာသလိုဖြစ်တာကြောင့် အခန်းထဲပြန်ဝင်မယ်လုပ်တုန်း ခြံရှေ့ကသီချင်းသံကြားရတာမို့ ကြည့်လိုက်တော့ မမပျိုနဲ့သူ့ရည်းစား။ အသည်းကွဲနေကာမှ သူတို့နှစ်ယောက်က တပူးပူးတတွဲတွဲနဲ့ လာလှောင်နေသလို။
သူများတွေက ခြံရှေ့သီချင်းလာဆိုရင် ဂီတာတီးပြီးဆိုသည်။ ထိုနှစ်ယောက်ကတော့ အထူးအဆန်း Bluetooth box ကြီးနှင့် မင်္ဂလာဆောင်မှာ ဖွင့်နေတယ်များထင်သလားမသိ။ တမြို့လုံးကြားရလောက်သည်။

 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now