~6~

67 5 0
                                    

ညနေ ခင်မမပျို အိမ်ပြန်ရောက်တော့ အောက်ထပ်မှာဘယ်သူမှမတွေ့ ။ ခေါ်တော့လည်း ပြန်ထူးသံမကြားရသဖြင့် ‌အပေါ်တက်ဖို့ လှေကားဆီအသွား

"အား မမ မောင့်ကိုကယ်ပါအုံး"

လှေကားပေါ်မှ ရဲခမောင်အော်ဟစ်ကာ အပြေးဆင်းလာပြီး ခင်မမပျို၏နောက်ကျောဘက် ပုန်းနေသည်။

"ဘာဖြစ်တာလဲ မောင်"

"ဒေါက်တာကိုကိုရယ် မောင့်ကိုလိုက်ရိုက်နေတယ်"

"ဟေ့ကောင် မင်းကလိမ်ကကျစ်မပြောနဲ့"

လှေကားမှဆင်းလာတဲ့ မွန်ဌေးကိုကိုမှာ အပေါ်အင်္ကျီမရှိ လက်ထဲမှာလည်း တီရှပ်အဖြူတစ်ထည်ကို ကိုင်ထား‌သေးသည်။ နှစ်ယောက်စလုံးပတ်ပြေးနေတာ ဘယ်လောက်ကြာပြီမသိ ဟောဟဲ ဟောဟဲတောင် အသံထွက်နေပြီ။

"ဟိုကောင် မောင့်ကိုဘာလို့လိုက်ရိုက်နေတာလဲ"

"မမပျိုလူ လေ ကျွန်တော့်အင်္ကျီကိုမ‌ပြောမဆိုယူဝတ်တယ်"

မွန်ပြောမှ ရဲခမောင်ဝတ်ထားတာကိုကြည့်မိသည်။ တီရှပ်အဖြူကိုမှ ပိုကီမွန်ရုပ်လေးကိုချည်ဖြင့်ထိုးထားသည်။

"ဒေါက်တာကိုကိုက နှစ်ထည်ဝယ်လာတော့ ဆင်တူဝတ်ချင်တယ်ထင်လို့ စေတနာနဲ့ ဝတ်ပေးတာ"

"မလိုဘူး ငါ့အင်္ကျီ ခုချွတ်ပေး"

"မပေးနိုင်ဘူး"

"မင်းယောက်ျားဆို မမပျိုနောက်မှာပုန်းမနေနဲ့ ထွက်လာခဲ့ ရဲခမောင်"

"ကြောက်တယ် လာဘူး"

"တခြားသူဆိုလာရဲပေမယ့် ကိုကိုက မောင့်နှလုံးသားလေးကိုနာအောင်လုပ်မှာ လာရဲဘူး"

"ဒီကောင်!!"

ရဲခမောင်  ပြောင်ပြနေသဖြင့် မွန်ဌေးကိုကိုက ပြေးရိုက်သည်။ ရဲခမောင်ကိုရိုက်လို့ ခင်မမပျိုက မွန်ဌေးကိုကို ကို ထပ်ရိုက်သည်။ ထပ်ရိုက်မယ်ကြံတော့ နှစ်ယောက်စလုံးပတ်ပြေးလေသည်။ အိမ်အောက်ထပ်မှာ သုံးယောက်သား အော်ကာဟစ်ကာနဲ့ ဝိုင်းကြီးပတ်နေကြ၏။

"ရဲခမောင် ငါ့အင်္ကျီပြန်ပေးလို့"

"ကိုကို့အင်္ကျီ မောင့်အင်္ကျီ မပေးနိုင်ဘူး"

 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now