~16~

32 2 0
                                    

ညကအိပ်ယာဝင်တာနောက်ကျတာကြောင့် မနက်လင်းတဲ့ထိ အိပ်မည်ဟု ကြံဆထားသော်လည်း နားထဲကို ငှက်ဆိုးထိုးသလို အသံပြဲပြဲက အလုံးလိုက်အရင်းလိုက် ဝင်ရောက်နှောက်ယှက်နေတာမို့ ခင်မမပျိုတစ်ယောက် မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်လိုက်ရသည်။ အိပ်ယာထက်လူးလိမ့်ပြီးနောက် စိတ်မကြည်မလင်နှင့် ဒီနေ့တစ်နေ့လုံး ကုန်ဆုံးရတော့မည်ကို သိလိုက်ပြီ။

အိပ်ရေးဝဝမအိပ်ရအောင် လုပ်တဲ့အသံပိုင်ရှင်ကို ဆုံးမဖို့ အောက်ထပ်ကိုဆင်းလာလိုက်ပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဆူဖို့လုပ်ထားတဲ့ အတွေးတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရလေသည်။



"ငါ့ကိုရင်ကျိုးရအောင်မလုပ်စမ်းနဲ့မောင်၊ မင်းလက်ထဲကဓါး ငါ့ကိုပေး ပြီးရင်ငြိမ်ငြိမ်လေးနေ"


"မပေးနိုင်ဘူး"



"မောင်!! မင်းကိုငြိမ်ငြိမ်နေလို့ပြောနေတယ်လေ"



"ဒေါက်တာကလည်း ဒါကမောင်လုပ်ရမဲ့ကိစ္စပါ"


"မလိုချင်ဘူး ငြိမ်ငြိမ်ပဲနေ "



"ဒီနေ့က မောင်ချက်ရမဲ့အလှည့်ပါဆို"



"ငါသိတယ် ပေး မင်းလက်ထဲဓါး"



"မပေးဘူး မောင်လုပ်မလို့ပါဆို"



"မင်းကိုရှသွားရင်ဘယ်လိုလုပ်မလဲ ငါရင်ကျိုးရမှာ ပေးစမ်းပါ မောင်ရာ လိမ္မာပါတယ်ကွာနော်"



"မောင်ချက်ချင်လို့ပါဆို"


"ကိုကို့ဘေးကပဲ ကူချက်လေနော်  ထိခိုက်မဲ့ပစ္စည်းတွေကိုလျှောက်မကိုင်နဲ့လေ နော် "


စားပွဲခုံးတစ်ဖက်အစွန်းတစ်ခုမှာ ရပ်ကာ ကြက်သွန်လှီးဖို့လုပ်နေတဲ့ ရဲခမောင်ကို တစ်ဖက်မှာရှိတဲ့ မွန်က သူ့လက်ထဲမှဓါးကိုတောင်းနေခြင်းပင်။ မွန်ကလည်း မရမချင်းလက်လျော့မည်ပုံမပေါ်။ မောင်ကလည်း ဓါးကိုကျစ်ကျစ်ကိုင်ကာ နှုတ်ခမ်းကို တမင်ပစ်ဆူထားပုံမှာ လုပ်ချင်တာကို လုပ်ခွင့်မရသည့် ကလေးလို။



 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now