~11~

46 4 0
                                    




သစ်ပင်တွေအုံ့မှိုင်းနေတဲ့ ခြံအကျယ်ကြီးရဲ့ အလယ်မှာ အိုဟောင်းနေတဲ့ သစ်သားပျဉ်ထောင် အိမ်ကြီးတစ်လုံး။ သာမာန်အိမ်တစ်လုံးရဲ့အရွယ်အစားထက်ပိုကြီးလို့သာ အိမ်ကြီးလို့ခေါ်ရပေမဲ့ အပြင်အဆင်ကတော့ ဂို‌ထောင်ပုံစံမျှသာ။ အထဲမှာ ထိုင်ဖို့ခုံတွေရယ် အလင်းရောင်ရဖို့ မီးသီးတွေရယ်ကလွဲ ဘာပစ္စည်းမှမရှိ ပြတင်းပေါက်လေးတစ်ခုတောင်မရှိချေ။ အိမ်ကြီးရှေ့မှာ ကားနက်နှစ်စီးရပ်ထားပြီး ဗလတောင့်တောင့် ဝတ်စုံအပြည့်နဲ့ လူသုံးယောက်က ဘယ်အရာကိုမှဂရုမစိုက်တဲ့ပုံစံနဲ့ သေနတ်ကိုယ်စီကိုင်ကာ တံခါးအပေါက်နားမှာ ရပ်စောင့်နေကြသည်။

မျက်လုံးကိုအဝတ်မဲစည်းထားခံရတဲ့ လူငါးယောက် ကြမ်းပြင်ပေါ်မှာ ဒူးထောက်လျှက်။
ဘေးကကောင်လေးရဲ့ လက်ထဲမှာ ခုနှစ်နှစ်နှစ်အရွယ်ရှိ ကလေးငယ်တစ်ဉီးက ကြောက်လန့်စွာတုန်ယင်နေသည်။

မလှမ်းမကမ်းမှာ ထိုင်နေတဲ့ မိန်းမပျိုက အချပြလိုက်တော့ ‌စည်းထားတဲ့အဝတ်မဲတွေ ဖြေပေးလိုက်သည်။

မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတာက သူတို့ငါးယောက်ကို ကျောပေးပြီး ထိုင်နေတဲ့ ယောက်ျားလေးတစ်ဉီး ထိုယောက်ျားလေးပခုံးပေါ် မိန်းကလေးတစ်ဉီးကခေါင်းမှီထားသည်။ ထိုနှစ်ယောက်ဘေးမှာ ရပ်နေတဲ့ ခပ်ချောချောယောက်ျားလေးက သူတို့ကို အကြည့်စူးစူးတွေဖြင့်ကြည့်ကာ ပြုံးပြနေသည်။ ဘေးပတ်ပတ်လည်မှာလည်း အနက်ရောင်ဝတ်စုံတွေဝတ်ထားတဲ့ လူတွေက သူတို့ကိုပဲ ကြည့်နေကြသည်။

"မမ မောင့်မေမေဘယ်လိုသေခဲ့ရလဲဆိုတာ သရုပ်ပြမယ် ကြည့်ရဲလား"

"မောင်ပျော်မယ်သာဆိုရင် ကြည့်ရဲပါ့"

ထိုင်နေတဲ့ ယောက်ျားလေးနဲ့မိန်းကလေးက လက်ချင်းတွဲကာ ‌ဒူးထောက်ရပ်နေတဲ့ လူငါးယောက်ဆီ ‌တစ်လှမ်းချင်းလှမ်းလာသည်။

"ကျွန်တော်ဘယ်သူလဲ မှတ်မိလား ဉီး"

ရှေ့တည့်တည့်မှာ ရပ်ကာ မေးနေတဲ့ ယောက်ျားလေးကို ထိုလူငါးယောက် အသည်းအသန်ပြူးပြဲကြည့်နေပေမဲ့ သူတို့မသိ။
ခေါင်းခါပြတော့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး မျက်နှာကိုရှေ့တိုးပေးလာသည်။

 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now