စားသောက်ဆိုင်တစ်ခုမှာ ခင်မမပျို ရဲခမောင်နဲ့ မွန်ဌေးကိုကို တို့သုံးယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ လာချထားတဲ့ အစားအသောက်တွေကို မစားပဲ တစ်ယောက်တစ်လှည့်ကြည့်နေကြသည်။ဘာစကားမှလည်းမပြော။
"အဟန့် အဟန့်"
မမနဲ့ဒေါက်တာနဲ့က အကြည့်ချင်းစစ်ခင်းနေတာကြောင့် ရဲခမောင် ချောင်းဟန့်လိုက်ပြီး
"ဟို ဒေါက်တာမွန်ဌေးကိုကိုခဗျ"
"မင်း ရွဲ့နေတာလားငါ့ကို အဲ့လိုခေါ်စရာမလိုဘူး"
"နင် မောင့်ကိုအော်စရာ မလိုဘူး"
နှစ်ယောက်ကိုတည့်စေချင်ကာမှ ပိုဆိုးနေသလို။
"ဒေါက်တာလို့ခေါ်ရမှာလား"
"မကြိုက်ဘူး"
"မွန်ဌေးကိုကို လို့...."
"ငါ့နာမည်အရင်းကြီး"
"ကိုကို"
"ဖွီးးးးး"
မွန်ဌေးကိုကို အချိုရည်သောက်နေရာမှ ရဲခမောင်အခေါ်အဝေါ်ကြောင့် အကုန်ပြန်ထွက်ကုန်သည်။
"ချီးကို ကိုကို"
"မောင့်ကိုဆဲစရာမလိုဘူး နင်ကိုက စောက်ဂျီးပွလွန်းနေတာ"
"ကိုဌေး"
"ဖွီးးးး"
ဒီတစ်ခါတော့ ခင်မမပျို ဖြစ်သည်။
"ဟားဟား မောင် တော်တယ် "
ခင်မမပျို လက်မထောင်လျှက် မွန်ဌေးကိုကိုဘက်လှည့်ကာ ပြောင်ပြသည်။
"ဒီမှာ မမပျို ရဲခမောင်ကို ကျွန်တော် ပြန်မကြိုက်နိုင်ဘူး"
"မကြိုက်လည်းရပါတယ်ခဗျ ကျွန်တော့်ရှေ့မှာ ရှိနေရုံနဲ့ရပါတယ်"
"အဲတာကိုက မှားနေတာ"
"မမှားဘူး"
"ကျွန်တော်မှားတာ ကျွန်တော်သိပါတယ်"
"မမပျိုလူကတောင် သူ့အမှားသူသိတယ် မမပျိုပဲမသိတာ"
"မောင်မမှားဘူး အေး တကယ်မောင်မှားတယ်ဆိုရင်လည်း မောင်မှန်တယ် "
YOU ARE READING
အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)
General Fictionဗဟုသုတရစရာ ဘာမှမရှိပါဘူး နောက်ထပ်အရူးထထားတာပါ cover crd to Pinterest