Chapter 1

449 47 3
                                    


"ဘန်း..ဘန်း"

"ဘန်း! ဘန်း! ဘန်း!"

ဖူကျား၏မျက်လုံးများဆတ်ခနဲရုတ်ချည်းပွင့်လာပြီးသူ့ကိုစိုးမိုးထားသည့်အမှောင်ထုကြောင့်အသက်ရှူရပ်မတတ်ဖြစ်သွားသည်။

သူအိပ်နေသည်မှာသူ့အခန်းထဲရှိသူ့ကိုယ်ပိုင်အိပ်ရာပေါ်တွင်ဖြစ်ပြီးတံခါးကိုအဆက်မပြတ်ထုနေသည်မှာဒေါ်ဒေါ်ချန်းဖြစ်သည်ကိုသဘောပေါက်ရန်အချိန်အတော်ယူလိုက်ရသည်။ "ဘယ်အချိန်အထိအိပ်ဖို့စဥ်းစားနေတာလဲ...ဟဲ့ကောင်လေး...ကျောင်းနောက်ကျတော့မှာပဲ"။

အခန်းအပြင်မှဗလုံးဗထွေးအော်ဟစ်ပြောဆိုနေသောကြောင့်ဒေါ်ဒေါ်ချန်း၏အသံကိုသဲသဲကွဲကွဲမကြားရပေ။ ဖူကျားတစ်ယောက်အခန်းတံခါးကိုဖွင့်လိုက်ချိန်တွင်သန့်ရှင်းရေးပစ္စည်းတစ်ပုံတစ်ပင်နှင့်သူ့အခန်းရှေ့တွင်ရပ်နေသောဒေါ်ဒေါ်ချန်းကိုတွေ့လိုက်ရသည်။ ညွှတ်စိုက်ကျနေသောမျက်ခုံးတန်းများနှင့်အရောင်အဆင်းမဲ့ကာအကျည်းတန်နေသောမျက်ဝန်းများကြောင့်ဒေါ်ဒေါ်ချန်းကမိန်းမလှတစ်ယောက်မဟုတ်ပေ။
သူမပြုံးလိုက်လျှင်ပင်သူမ၏မျက်နှာအမူအရာမှာပူဆွေးသောကဖိစီးမှုအချို့နှင့်ရောယှက်နေသည်။

ဒေါ်ဒေါ်ချန်းကိုမြင်သည့်အခါတိုင်းကွယ်လွန်သွားပြီဖြစ်သောမေမေ့ကိုဖူကျားသတိရမိသည်။

လူ့ဘဝဇာတ်ခုံထက်တွင်သူ့အားချမှတ်ပေးသည့်
ကံကြမ္မာဟူသောအရာကိုနာကျည်းမုန်းတီးလှသည်။

ဒေါ်ဒေါ်ချန်းကရာဘာလက်အိတ်ကိုဝတ်ဆင်လိုက်ချိန်တွင်ပျားပန်းခတ်အောင်အလုပ်ရှုပ်တော့မည့်နောက်ထပ်နေ့သစ်တစ်နေ့စတင်ပြီဖြစ်ကြောင်းသိလိုက်ရသည်။ "အိပ်ရာကနေထတော့...စတိုခန်းထဲမှာရေမြှုပ်တစ်ခုသွားယူပေးဦး...အစောတုန်းကငါယူထုတ်ဖို့မေ့လာခဲ့လို့"။

ဖူကျားလည်းခေါင်းညိမ့်ပြီးအစေခံတန်းလျား၏အစွန်ဆုံးတွင်ရှိနေသောစတိုခန်းဆီသို့ခြေဦးလှည့်လိုက်သည်။ စတိုခန်းကဗီလာတစ်ခုလုံးတွင်ပြတင်းပေါက်တစ်ပေညက်မှမပါပဲအသေးငယ်ဆုံးနှင့်အမှောင်ဆုံးအခန်းကျဥ်းလေးတစ်ခုဖြစ်သည်။

Slow - witted (Myanmar translations)Where stories live. Discover now