Chapter 10

126 15 0
                                    

slow-witted (Chapter 10)

ဒါပုစ္ဆာလေးတွေကိုအရင်တွက်ကြည့်။ လုချမ်ကစာရွက်ပေါ်တွင်သင်္ချာပုစ္ဆာမေးခွန်းများကိုချရေးပြီးနောက် ဖူကျားအားကမ်းပေးလာသည်။ ထိုအခါမှအတွေးပင်လယ်ထဲလက်ပစ်ကူးနေ
သည့်ကောင်လေးမှာ လက်တွေ့ကမ္ဘာထဲပြန်ရောက်လာသည်။

မင်နက်များဖြင့်တစ်မျက်နှာလုံးအပြည့်ရေးခြစ်ထားသောမေးခွန်းလွှာကိုဖတ်ရင်း ဖူကျားတစ်ယောက် ကျောပိုးအိတ်ထဲမှခဲတံတစ်ချောင်းကိုထုတ်ယူလိုက်သည်။ ကံမကောင်းချင်တော့ကျောပိုးအိတ်ထဲမှတစ်ချောင်းတည်းသောခဲတံက လက်မအရွယ်လောက်သာရှိပြီးအတော်လေးတုံးနေပြီဖြစ်သည်။

အသစ်စက်စက်ဝယ်ထားတဲ့ခဲတံနဲ့ဘောပင်ကဘယ်ရောက်သွားပြန်တာတုန်း။ သေလိုက်ပါတော့....ဟိုသောက်ရူးကောင်လျှိုသဲရဲ့လက်ချက်ပဲနေမှာ။

ဖူကျားခပ်ကြိတ်ကြိတ်ကျိန်ဆဲလိုက်မိပြီး ရှက်ကိုးရှက်ကန်းဖြင့်လုချမ်ကိုလှမ်းပြောလိုက်သည်။ "ဓား...ဓားပါးတစ်လက်လောက်ရှိလားဟင်...ခဲတံချွန်ချင်လို့"။

ဖူကျားက ဓားပါးတစ်လက်နှင့်အမြဲတမ်းလိုလိုကိုယ်နှင့်မကွာဆောင်ထားတတ်သူဖြစ်သည်။ သို့သော်သူပိုင်ဆိုင်ထားသည့်တစ်ခုတည်းသောဓားပါးကလျှိုသဲ၏သွေးများနှင့်စွန်းထင်းနေသောကြောင့် စက်ဆုပ်ရွံ့ရှာမိကာလက်နှင့်တောင်မထိမကိုင်ချင်တော့။ လကုန်ကျမှဓားပါးအသစ်တစ်လက်လောက်ဝယ်ရဦးမည်။

လုချမ်ကသူကိုင်ထားသည့်ဖောင်တိန်ကိုကမ်းပေးလာသည်။ "ဒီဟာနဲ့ရေးလိုက်"။

ထိုဖောင်တိန်ကိုဖူကျားလှမ်းယူရန်ပြင်လိုက်သော်လည်း လက်တို့ကလေထဲတွင်တစ်ဝက်တစ်ပျက်တန့်သွားသည်။ "နေပါစေ
မယူတော့ဘူး...အဲဒီဖောင်တိန်ကိုမတော်တဆလွှတ်ကျမိသွားရင်ငါပြန်လျော်နိုင်မှာမဟုတ်ဘူး
ကိုယ့်ခဲတံကိုပဲသုံးတော့မယ်...ဓားပါးလေးပဲပေးလို့မရဘူးလား...ဘယ်လိုဓားမျိုးဖြစ်ဖြစ်ရတယ်
မီးဖိုချောင်သုံးဓားဆိုရင်တောင်ရတယ်"။

လုချမ်က ဖောင်တိန်ကိုသူ့ရှေ့တည့်တည့်လာချသည်။ "မင်းကိုအပိုင်ပေးတာမလို့ယူလိုက်"။

Slow - witted (Myanmar translations)Where stories live. Discover now