Chapter 4

172 30 0
                                    


နေ့လည်ပိုင်းပထမဆုံးစာသင်ချိန်မှာဘာသာစကားနှင့်စာပေယဥ်ကျေးမှုဘာသာရပ်ဖြစ်သည်။ လုချမ်တစ်ယောက်ဖတ်စာအုပ်ကိုဖွင့်လိုက်ချိန်တွင်စာမျက်နှာများအကြားတစ်စစီပြန့်ကြဲနေသောပေါင်မုန့်အပိုင်းအစအမှုန်များစွာကသူ့ကိုဆီးကြိုနေသည်။

စာရွက်များပေါ်တွင်ကပ်နေသောထိုအရာများကအနည်းငယ်အော်ဂလီဆန်စရာကောင်းနေသည်။

လုချမ် စာအုပ်ကိုပိတ်ချလိုက်ပြီးစာရေးခုံအစွန်တွင်ထားကာ နောက်ထပ်လုံးဝမထိတော့ချေ။

ဖတ်စာအုပ်ကိုလုံးဝမဖွင့်ပဲထိုင်နေသည့်လုချမ်ကိုမြင်သောအခါ ဘေးတစ်ခုံကျော်မှာလီချင်ဟဲ့ကမေးလာသည်။ "ဘာဖြစ်လို့လဲ"။

လုချမ်ကအေးစက်နေသောလေသံဖြင့်ပြန်ဖြေသည်။ "တစ်ယောက်ယောက်ကကလေးကလားအကွက်တွေသုံးပြီးစနောက်နေလို့"။

လီချင်ဟဲ့ကအံ့ဩသွားသည့်ပုံစံဖြင့်ခပ်ရွဲ့ရွဲ့ပြန်ဖြေသည်။ "တစ်မိုးအောက်ကလုချမ်ကိုဘယ်သူကစနောက်ရဲမှာလဲ...တကယ်လို့စနောက်ရဲခဲ့တယ်ဆိုရင်လည်းမင်းအကြောင်းမသိ​သေးလို့ဖြစ်မှာပေါ့"။

လုချမ်က လီချင်ဟဲ့၏စကားကိုခွန်းတုံ့ပြန်ခြင်းမရှိပဲ သူ့အတွေးနှင့်သူတိတ်ဆိတ်နေသည်။

လုချမ်စိတ်ဆိုးနေမှန်းလီချင်ဟဲ့တစ်ယောက်ကောင်းကောင်းသိသည်။ ငယ်စဥ်တည်းကအတူကြီးပြင်းလာခဲ့သောငယ်ပေါင်းဖော်များဖြစ်ကြ၍ လုချမ်၏အမူအကျင့်ကိုလီချင်ဟဲ့ကအခြားသူများထက်အထာနပ်နေသည်။ နံပါတ်၆အထက်တန်းကျောင်းတစ်ခုလုံးတွင်
လုချမ်လောက်ဘယ်ကျောင်းသားကမှသန့်ပြန့်ပြီး စမတ်ကျမနေ။ ထို့အတူသူ့ကျောင်းစာအုပ်များကလည်းသပ်ရပ်သန့်ရှင်းကာတွန့်ကြေများပင်မရှိပေ။

"ဖတ်စာအုပ်မဖွင့်ပဲအတန်းထဲမှာစာဘယ်လိုလိုက်နားထောင်မှာလဲ"။

လုချမ်ကသူ့အမေးကိုပြန်မဖြေပဲသက်ပြင်းသာချသည်။

စာသင်ပေးနေသည့်ဆရာကအတန်းထဲမှထွက်မသွားမီတွင် လုချမ်ကသူ့ဖတ်စာအုပ်များအားလုံးကိုကောက်ယူပြီးအမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်သည်။ တစ်ဒါဇင်လောက်ရှိသောဖတ်စာအုပ်များကအမှိုက်ပုံးနှင့်ခပ်ကြမ်းကြမ်းမိတ်ဆက်၍
"ဘန်း" ဟူသောကျယ်လောင်လွန်းလှသည့်အသံနှင့်အတူသူတို့တစ်တန်းလုံးတိတ်ဆိတ်ငြိမ်သက်သွားကြသည်။

Slow - witted (Myanmar translations)Where stories live. Discover now