Chapter 11

90 16 0
                                    

slow - witted (Chapter 11)

အတန်းပြီးသွားသည့်နောက်လုချမ်တစ်ယောက်အနားယူရန်အတွက်သူ့တိုက်ခန်းဆီသို့ပြန်လာခဲ့သည်။

အိမ်အကူအဒေါ်ကြီးကနေ့လည်ခင်းတိုင်းသန့်ရှင်းရေးလုပ်ထားပေးသောကြောင့်တိုက်ခန်းကအမြဲလိုလိုသန့်ပြန့်နေသည်။ ညစာအတွက်လည်းကြိုပြင်ပေးထားသေးသည်။

ထိုအိမ်အကူအဒေါ်ကြီးကလုပ်ရည်ကိုင်ရည်သပ်ရပ်ပြီးအတော်လေးကိုစည်းစနစ်ကျသည်။ တာဝန်လည်းကျေသည်။ အိမ်အလုပ်များပြီးစီးသွားသောအခါ လုချမ်ပြန်မရောက်လာခင်ထွက်သွားတတ်သည်။ ထို့ကြောင့်သူတို့နှစ်ယောက်ဆုံသည့်အချိန်ကလက်ချိုးရေလို့တောင်ရသည်။

ထိုအကြောင်းကိုဖခင်ဖြစ်သူလည်းမသိသလိုအဒေါ်ဖြစ်သူလုဝမ်ချင်းလည်းမသိပေ။ အိမ်အကူကသူ့တိုက်ခန်းတွင်သူနှင့်အတူနေပြီးအမြဲတမ်းလိုလိုပြုစုစောင့်ရှောက်ပေးသည်ဟုသာထင်နေကြသည်။

ဤတိုက်ခန်းကြီးထဲတွင်မည်သူ့အဖော်မှမပါပဲလုချမ်တစ်ယောက်တည်းနေနေသည်မှာနှစ်ပေါင်းအတော်ကြာရောပေါ့။ ရှေ့လျှောက်လည်းဘယ်သူနှင့်မှသူအတူမနေချင်။

"သားမေမေရဲ့နေရာမှာနေပြီးဒေါ်ဒေါ်ကသားကိုစောင့်ရှောက်ပေးပါ့မယ်" ဟူသောအဒေါ်ဖြစ်သူလုဝမ်ချင်းပြောခဲ့သည့်စကားကိုပြန်တွေးမိတိုင်းလုချမ်ရယ်ချင်မိသည်။ မေမေ့နေရာမှာသူ့ဘယ်သူ့ကိုမှအစားမထိုးဖူးဘူး။ အစားထိုးဖို့လည်းမလိုဘူး။

ညစာစားပြီးသည်နှင့်စာကြည့်စားပွဲတွင်ထိုင်ကာစာဖတ်နေမိသည်။ ထိုစဥ်တံခါးဘဲလ်သံကိုကြားလိုက်ရ၏။

တံခါးဖွင့်လိုက်ရာ ကျောပိုးအိတ်အနွမ်းလေးကိုပိုက်ထားလျက် အရောင်များလွှင့်နေသည်အထိဘယ်နှစ်ကြိမ်ဘယ်နှစ်လီလောက်လျှော်ထားမှန်းမသိသောကျောင်းယူနီဖောင်းကိုဝတ်ထားသည့်ဖူကျားအားတွေ့လိုက်ရသည်။

လုချမ်က မျက်စိကန်းနေသူ မဟုတ်။ သူ့ရှေ့မှာဆိုရင် ဖူကျားကအမြဲတည်ငြိမ်ချင်ယောင်ဆောင်သည်။ သန်မာချင်ယောင်ဆောင်သည်။ ကျောကိုမတ်နေအောင်ထားပြီးစကားပြောလျှင်လည်းယုံကြည်ချက်ရှိသည့်ပုံစံဖြင့်သူ့မျက်လုံးကိုတည့်တည့်စိုက်ကြည့်ပြီးပြောတတ်သည်။ သို့သော်တကယ့်တကယ်တွင် ခန္ဓာကိုယ်၏ဘေးတစ်ဖက်တစ်ချက်စီတွင်ချထားသောလက်ချောင်းလေးများက အင်္ကျီအနားစများကိုသဘာဝမကျစွာဆုပ်ကိုင်လျက်လုံးချေနေတတ်သည်။

Slow - witted (Myanmar translations)Where stories live. Discover now