Chapter 9

143 28 2
                                    

မျက်နှာပေါ်က ရုပ်ဆိုးအကျည်းတန်သည့်ဒဏ်ရာကို လုချမ်မမြင်စေရန်အလို့ငှာ တစ်ဖက်သို့လှည့်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

"ဘာမှမဟုတ်ပါဘူး...ဖန်ကွဲစနဲ့ရှမိထားတာ"

ကံဆိုးသည်က လုချမ်ကိုကလေးကလားဆင်ခြင်တွေနဲ့ လွယ်လွယ်ကူကူအယုံသွင်းလို့မရခြင်းပင်။ "ဖန်ကွဲစကအလိုလိုနေရင်း...မျက်လုံးနဲ့အရမ်းကပ်နေတဲ့နေရာအထိသွားရှမိတာဘယ်လိုမှမဖြစ်နိုင်ဘူး"။

လူကိုဆူသလိုလို ငေါက်သလိုလိုပြောလာသောကြောင့် နဂိုတည်းကစိတ်မကြည်ဖြစ်နေသည့်သူမှ မခံချင်စွာဖြင့်ပြန်အော်မိသည်။ "ဖန်ခွက်ကဖိတ်ကျတဲ့ရေတွေကြောင့်ချော်လဲတာလေ...မျက်နှာနဲ့အပ်ပြီးကျလို့ဖန်ကွဲစနဲ့ခြစ်မိတဲ့အထိဖြစ်သွားတာ...ကျေနပ်ပြီလား"။

သူ့စကားအဆုံး လုချမ်တစ်ယောက်ဘာတစ်ခွန်းမှပြန်မပြောပဲတိတ်ဆိတ်သွားသော်လည်း မှိုင်းညှို့ညှို့မျက်ဝန်းများက သူ့မျက်နှာပေါ်ရှိဒဏ်ရာကို လုံးဝအကြည့်မလွှဲသွားပေ။ သူ့စကားကိုလုချမ်ယုံသွားသလား။ မယုံဘူးလားဆိုတာကိုတော့ဖူကျားလည်းအသေအချာမသိပါပေ။

အချိန်အတော်ကြာသည်အထိဒီအတိုင်းစိုက်
ကြည့်နေသောလုချမ်ကြောင့် ဖူကျားတစ်ကိုယ်လုံးအပူရိပ်များတစ်လိပ်လိပ်တက်လာကာ အငွေ့ပျံချင်လာသည်။ သူအနိုင်ကျင့်ခံရမှန်း လုချမ်သာသိသွားလျှင် ယောကျာ်းသားတစ်ယောက်ဖြစ်သည့်သူ့မာနနှင့်ဂုဏ်သိက္ခာတော့ ရေစုန်မျောပြီထင်ပါရဲ့။ သူဘယ်သူ့အကူအညီမှမလိုပဲကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်သည်ကို လုချမ်အားသိစေချင်သည်။ ကူကယ်ရာမဲ့ပြီးလမ်းဘေးခွေးတစ်ကောင်လိုအနိုင်ကျင့်စော်ကားခံနေရသည်ကို လုချမ်အားနည်းနည်းလေးမှမသိစေချင်။ အားနည်းပြီးလဲကျသွားလို့ရင်လည်း သူ့တစ်ယောက်တည်းလဲမည်။ ပြီးရင်သူ့တစ်ယောက်တည်းပြန်ထမည်။ ဘယ်သူကမှသူ့ကိုလာပြီးထူပေးစရာ။ ပျော့ညံ့ပြီးခိုကိုးရာမဲ့နေတဲ့သတ္တဝါတစ်ကောင်လို လူတွေရဲ့အထင်အမြင်သေးပြီးနှိမ်ချဆက်ဆံတာတွေ လမ်းဘေးခွေးတစ်ကောင်ကိုသနားပြီးကြည့်တဲ့အကြည့်လိုမျိုးမသတီစရာကောင်းတဲ့မျက်လုံးတွေ ဒါတွေကိုသူထပ်ပြီးမလိုချင်တော့။ အကြင်သူကပါ သူ့ကိုအဲဒီလိုဆက်ဆံလာမယ်ဆိုရင် သူသေရချည်ရဲ့။

Slow - witted (Myanmar translations)Where stories live. Discover now