Chapter 12

101 16 0
                                    

slow - witted (Chapter 12)

တနင်္လာနေ့အတန်းတွင် စမ်မုန့်ခယ်ကိုဖူကျားချက်ချင်းသတိထားမိသည်

စမ်မုန့်ခယ်ကလည်းသူ့ကိုတွေ့သည်နှင့်အော်ခေါ်တော့သည်။

"ဖူကျားရေ"

သူမ၏အပြုအမူကြောင့်ဖူကျားမှက်မှောင်ကြုတ်မိလျက်လျက်သား။သူဘယ်လောက်အော်အော်မသိချင်ယောင်ဆောင်နေရန်သာဆုံးဖြတ်လိုက်သည်။

စမ်မုန့်ခယ်ကသူ့ဘေးနားချဥ်းကပ်လာပြီးတစ်တွတ်တွတ်ရွတ်တော့သည်။ "မနေ့ညကလေနင့်ကြောင့်ငါတကယ်ဒုက္ခရောက်တော့မလို့"။

"ဘေးဖယ်ပေး...ငါစာလုပ်မလို့အလင်းရောင်ကောင်းကောင်းမမြင်ရဘူး"

သူ့စကားအဆုံးစမ်မုန့်ခယ်ကလှောင်ပြောင်ကာဟားတိုက်ရယ်မောသည်။ "စာဂျပိုးပုံစံဟန်ဆောင်မနေပါနဲ့...ငါနင့်အဆင့်တွေအကုန်သိပြီးသား...ဒီလိုကျောင်းမျိုးမှာတောင်ဘိတ်ချီးရတဲ့ကောင်ကများစာလုပ်မဲ့အကြောင်းလာပြောနေသေးတယ်"။

စမ်မုန့်ခယ်တစ်ခြားဘာအကြောင်းပြောပြောသူစိတ်မဝင်စားပေ။သို့သော်သူ့အဆင့်နှင့်ပတ်သတ်ပြီးလှောင်ပြောသရော်လာလျှင်တော့ဖူကျားသည်းခံမည်မဟုတ်ပေ။ စမ်မုန့်ခယ်၏
စကားများကသူ့ဒေါသကိုဆွနေခြင်းပင်။ ဖူကျားတစ်ယောက်သူ့ကျောပိုးအိတ်ကိုစာရေးခုံပေါ်သို့ဒေါသတကြီးပစ်တင်ရင်းပြောလိုက်သည်။ "ငါ့အဆင့်ဘယ်လောက်ရရ...မင်းသောက်ပူပါလား"။

သို့သော်စမ်မုန့်ခယ်ကသူ့ကိုနည်းနည်းမှကြောကိဟန်မပြ။ "နင်နဲ့လီချင်ဟဲ့နဲ့ဘာရန်ငြိုးတွေရှိထားမှန်းတော့ငါမသိဘူး...ဒါပေမဲ့နင့်ကိုကာကွယ်ပေးဖို့ငါ့ကိုသူကိုယ်တိုင်တာဝန်ပေးထားတဲ့အတွက်အခုကစပြီးငါကနင့်ရဲ့ဘော့စ်ပဲ...ဘော့စ်ကိုပြန်အာခံတဲ့လက်အောက်ငယ်သားရှိလို့လား...အခုချက်ချင်းပြန်တောင်းပန်စမ်း"။

ဖူကျား၏နှုတ်ခမ်းပါးများကတင်းတင်းစေ့သွားသည်။ ထိုပါးလျလျနှုတ်ခမ်းသားဆီမှမည်သည့်စကားလုံးမျှပွင့်အံမကျလာချေ။

စမ်မုန့်ခယ်က ကိုင်တွယ်ထိန်းချုပ်ရခက်ခဲသောလူစားမျိုးဖြစ်သည်။ သူမနေရာမှာလျှိုသဲသာဆိုလျှင်ဖူကျားစိတ်ရှိတိုင်းဆဲဆိုထုရိုက်နေလောက်ပြီဖြစ်သည်။ သို့သော်ယခုမူသူ့ရှေ့တွင်ရှိနေသူက မိန်းကလေးတစ်ယောက်ဖြစ်နေသည့်အတွက်ရိုက်နှက်ထုကြိတ်ပြီးဖြေရှင်းသည့်နည်းလမ်းကအလုပ်ဖြစ်မည်မဟုတ်ပေ။ သူကိုယ်တိုင်ပဲနစ်နာရလိမ့်မည်။

Slow - witted (Myanmar translations)Where stories live. Discover now