Chapter 3

190 32 2
                                    

slow witted (Chapter 3)

သူ့အကြံအစည်ကိုအကောင်အထည်ဖော်ဖို့အချိန်ကျလာခဲ့ပြီ။

အိုးခွက်ပန်းကန်များကိုဆေးကြောသန့်စင်ရင်းဖူကျားတွေးလိုက်မိသည်။

စနေတနင်္ဂနွေကျောင်းပိတ်ရက်များတွင်ကျောင်းနှင့်နီးသောစားသောက်ဆိုင်သေးသေးလေးတစ်ခုတွင်သူအချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့သည်။ အသက်ဆယ့်ခြောက်နှစ်ပြည့်ပြီးတည်းကထိုစားသောက်ဆိုင်တွင်အလုပ်ဝင်ခဲ့သည်မှာနှစ်နှစ်လောက်ရှိနေပြီဖြစ်သောကြောင့်နည်းနည်းပါးပါးစုမိဆောင်းမိထားသည့်ငွေလေးများရှိလာသည်။

ဖခင်ဖြစ်သူလင်ချင်းကသူ့အတွက်လစဥ်လတိုင်းအသုံးစရိတ်ကိုဘဏ်ကတ်ထဲပုံမှန်ထည့်ပေးသည်။ သို့သော်ထိုဘဏ်ကတ်ကိုဒေါ်ဒေါ်
ချန်း၏လက်ထဲတွင်သိမ်းထားသည်။ ထို့ကြောင့်ဘဏ်ကတ်ထဲမှတစ်ပဲနှစ်ပြားလောက်သောငွေပမာဏကိုယူသုံးလိုလျှင်ပင်မည်သည့်နေရာတွင်မည်သည့်အကြောင်းပြချက်ဖြင့်အသုံးပြုမည်ဖြစ်ကြောင်းကိုဒေါ်ဒေါ်ချန်းအားအသေးစိတ်ပြောပြရမည်ဖြစ်သည်။ ပြီးလျှင်ဒေါ်ဒေါ်ချန်းက
မျက်နှာလိုမျက်နှာရလုဝမ်ချင်းဆီသို့အစီရင်ခံတင်ပြဦးမည်ဖြစ်သည်။

ညနေစောင်းအချိန်ရောက်မှအလုပ်သို့ထွက်လာခဲ့သည်။ အလုပ်ချိန်စောနေသေးသောကြောင့်ဟိုဟိုဒီဒီခြေဦးတည့်ရာသွားမိသောအခါသူကိုယ်တိုင်တောင်မသိလိုက်ပါပဲ နံပါတ်၆အထက်တန်းကျောင်းရှေ့သို့ရောက်သွားသည်။

နံပါတ်၆အထက်တန်းကျောင်းနှင့်သူတက်နေသောကျောင်း၏ကွာခြားချက်မှာနံပါတ်၁၀ခုလောက်တိုးသွားပြီးနံပါတ်၁၆အထက်တန်းကျောင်းဟူ၍ဖြစ်သွားခြင်းပင်။ နံပါတ်၆အထက်တန်းကျောင်းကြီးကနိုင်ငံတစ်ဝှမ်းလုံးတွင်အကျော်ကြားဆုံးကျောင်းဖြစ်သည်။ အိမ်း...သူတို့နံပါတ်၁၆အထက်တန်းကျောင်းကလည်းကျော်ကြားပါရဲ့။ နာမည်ဆိုးနှင့်ကျော်ကြားခြင်းပင်။

ပညာသင်ယူခြင်းကဖူကျားအတွက်ဆိုးရွားသောအတွေ့အကြုံတစ်ခုပင်။ မူကြိုကျောင်းလည်းမတက်ခဲ့ရသလိုမည်သည့်အခြေခံမှမရှိပဲအသက်ရှစ်နှစ်အရွယ်တွင်မူလတန်းကျောင်းတက်ခဲ့ရသဖြင့်ကျောင်းတက်သည့်တစ်လျှောက်လုံးရုန်းကန်ခဲ့ရသည်။ သူ့အတန်းဖော်များကသူ့ထက်နှစ်နှစ်မျှငယ်ကြသော်လည်းအခြေခံကောင်းခဲ့သောကြောင့်ပညာသင်ယူရာတွင်အခက်အခဲမရှိကြချေ။

Slow - witted (Myanmar translations)Where stories live. Discover now