Chapter 2

217 43 6
                                    


ညဆယ်နာရီရောက်သည့်အချိန်အထိလုချမ်တစ်ယောက်လင်ဖုန်းရွှင်းအားအဖော်လုပ်ပြီးအတူရှိနေ ပေးဖြစ်သည်။ သူပြန်မည်လုပ်တော့အဒေါ်ဖြစ်သူလုဝမ်ချင်းကသူ့ကိာတားသည်။

"သားရယ်...ညနက်နေပြီဆိုတော့ဒီမှာပဲညအိပ်လိုက်ပါတော့လား...သားလိုတာရှိရင်ဒရိုင်ဘာကိုပြောလိုက်လေ...အိမ်အထိသွားပြီးပြန်ယူပေးလိမ့်မယ်"။

လုချမ်လည်းခပ်အေးအေးပြန်ဖြေလိုက်သည်။ "နေပါစေ...ကျွန်တော်ဘာမှမလိုဘူး....ဒါရိုင်ဘာဦးလေးကြီးကိုလည်းညကြီးမင်းကြီးမှဒုက္ခမပေးချင်တော့ဘူး"။

ထိုအခါဒေါ်ဒေါ်လုဝမ်ချင်း၏မျက်နှာထက်တွင်အပြုံးတစ်ခုဖြစ်တည်လာသည်။ "ဟုတ်ပါပြီ...မင်းလည်းဒီမှာမကြာမကြာလာလည်နေကျဆိုတော့မင်းရဲ့အသုံးအဆောင်ပစ္စည်းတွေကရှိနှင့်နေပြီသားပဲ...တစ်ခြားလိုတာရှိရင်လည်းဖုန်ဖုန်းဟာတွေယူသုံးလိုက်ပေါ့"။

ထိုစဉ်လင်ဖုန်းရွှင်းကစကားဖြတ်ပြောလာသည်။ "ဟုတ်သားပဲ...ကိုကိုချမ်...ကျွန်တော့်ရဲ့ညအိပ်ဝတ်တွေကိုစိတ်ကြိုက်ယူဝတ်လို့ရတယ်နော်"။

လုဝမ်ချင်းကသူမ၏သားကိုကြည့်ပြီးခေါင်းတစ်ယမ်းယမ်နှင့်ပြောလိုက်သည်။ "ဒီကလေးနှယ်...သားရဲ့အဝတ်အစားတွေကိုလုချမ်ကဘယ်လိုလုပ်ပြီးတော်မှာတုန်း...မင်းကိုကိုချမ်ကမင်းထက်သုံးနှစ်ကြီးတဲ့အပြင်အခုအချိန်အထိထမင်းကိုကြောင်စာလောက်ပဲစားတဲ့မင်းထက်ခန္ဓာကိုယ်ကနှစ်ဆလောက်ထွားတယ်ဟဲ့"။

ထိုအခါလင်ဖုန်းရွှင်းကမကျေနပ်သည့်လေသံဖြင့်ပက်ကနဲပြန်ပြောလာသည်။ "သားကထမင်းကိုစားချင်စိတ်မရှိလို့မစားတာလေ...အတင်းစားလို့မှမရတာကို...ဘယ်တတ်နိုင်ပါ့မလဲ"။

သူမကိုပြန်ခံပြောလာသောသားဖြစ်သူကြောင့်လုဝမ်ချင်း၏စိတ်ထဲတွင်စနှိုးစနှောင့်ဖြစ်သွားမိသည်။ ထို့ကြောင့်စကားလမ်းကြောင်းအမြန်ပြောင်းလိုက်သည်။ "သားချမ်...ဒီညသားဘယ်အခန်းမှာအိပ်ချင်လဲ"။

လုချမ်ပင်ပြန်မဖြေရသေး လင်ဖုန်းရွှင်းကအားတက်သရောပြောလာသည်။ "ကိုကို
ချမ်...ကျွန်တော်နဲ့အတူတူအိပ်လေနော်"။

Slow - witted (Myanmar translations)Where stories live. Discover now