Chapter 6

97 27 0
                                    


လုချမ်တစ်ယောက်ဒေါ်လေးလုဝမ်ချင်းကိုနှုတ်ဆက်ပြီးထွက်လာခဲ့သော်လည်းအိမ်သို့ချက်ချင်းပြန်မသွားသေးပဲဒါရိုင်ဘာဦးလေးကြီးအားဆယ်မိနစ်ခန့်မျှစောင့်ခိုင်းကာဗီလာ၏တစ်နေရာသို့ဦးတည်သွားလိုက်သည်။

သူပြဿနာတစ်ခုရှင်းဖို့ရှိသေးသည်။

အမှောင်ရိပ်ကျနေသောခြံဝင်းအတွင်းရှိသစ်ပင်အောက်တွင်ခွေခွေလေးထိုင်နေသည့်ပုံရိပ်ငယ်လေးကိုလုချမ်ရေးတေးတေးမြင်လိုက်ရသည်။ထိုနေရာသို့ချဥ်းကပ်သွားသောအခါပုံရိပ်ငယ်လေးကတဖြေးဖြေးရုပ်လုံးပေါ်လာသည်။ ပုံရိပ်ငယ်၏ပိုင်ရှင်မှာဖူကျားပင်ဖြစ်သည်။

ဖူကျားအနားသို့ရောက်ရန်ခြေလှမ်းဆယ်လှမ်းစာမျှကွာဝေးနေသေးသော်လည်းလုချမ်ရှေ့ဆက်မတိုးမိပေ။

ဖူကျားကသူ့ကိုသတိပြုမိသွားကာထိုင်နေရာမှကုန်းရုန်းထလာပြီးအဝတ်အစားများပေါ်တွင်ကပ်တွယ်နေသည့်ဖုန်မှုန့်များနှင့်မြက်ခြောက်များကိုခါခပ်ကာလုချမ်အနားသို့ချဥ်းကပ်လာသည်။ "ငါဒီမှာရှိနေမှန်းမင်းဘယ်လိုသိလဲ"။

လုချမ်၏အကြည့်တို့ကနုံချာချာအစေခံတန်းလျားရှိအခန်းတစ်ခု၏ပြတင်းပေါက်ဆီတွင်တစ်ဝဲလည်လည်။ "မင်းကိုသီးသန့်တွေ့ချင်လို့ကိုယ်လာရှာတာ...ဘယ်မှာရှိနေမှန်းအသေအချာမသိပေမဲ့ဒီခြံဝင်းထဲမှာပဲနေတာဆိုတော့အထူးတလည်ရှာစရာမှမလိုပဲ..."။

သူ့စကားအဆုံးဖူကျားကစိတ်ကျေနပ်သွားသည့်ဟန်ဖြင့်ခေါင်းညိမ့်သည်။

သူလည်း တကယ်တော့ဘာကြောင့်ရယ်မှန်းမသိ ဒီနေရာမှာ လုချမ်ကိုစောင့်နေခဲ့တာ။ ထိုအချိန်လုချမ်က သူ့အနားသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေတော့ပျော်ရွှင်မှုကအတိုင်းမသိ။
ပြီးတော့ သူ့အခန်းပြတင်းပေါက်ကနေခြံဝင်းထဲကိုလှမ်းမြင်ရတယ်ဟု တစ်ချိန်တစ်ခါကသူပြောခဲ့သည့်စကားကို လုချမ်ကမှတ်မိနေတာမဟုတ်လား။

"တစ်ကူးတစ်ကလာရှာတယ်ဆိုတော့...ဘာကိစ္စရှိလို့လဲ...ဘာလိုချင်လို့လဲ"။

"ဒီဗီလာကနေထွက်သွားပေးဖို့ကိုယ်မင်းကိုတောင်းဆိုချင်တယ်"။ လုချမ်၏လေသံက အေးစက်တည်ငြိမ်လွန်း၏။

Slow - witted (Myanmar translations)Where stories live. Discover now