Chapter 14

173 18 2
                                    


မေ...ဇွန်...ဇူလိုင်

ချစ်ချစ်တောက်ပူပြင်းလှသောနွေရာသီတွင်

စာသင်ခန်းထဲတွင်စာမေးပွဲထိုင်ဖြေနေကြသောကျောင်းသူကျောင်းသားများဖြင့်ပြည့်နှက်နေပြီး
အခန်းစောင့်ဆရာဆရာမများကအခန်းတစ်ဝိုက်အရှေ့အနောက်ပတ်ကာကျောင်းသားများကိုအသေအချာကြည့်ရှုစစ်ဆေးနေကြသည်။ ဖူကျားတစ်ယောက်စာရေးနေရာမှရပ်လိုက်ပြီး တစ်ဝီဝီလည်နေသောမျက်နှာကြက်ပေါ်တွင်ချိတ်ဆွဲထားသည့်ပန်ကာကိုမော့ကြည့်လိုက်မိသည်။ ဘာကြောင့်မှန်းမသိ သူ့အမြင်အာရုံကမရှင်းမလင်းဖြစ်လာသည်။ အိုက်စပ်စပ်ရာသီဥတုကြောင့်စိတ်အာရုံများကလည်းထွေပြားလျက်။

မျက်လုံးများကိုလက်ခုံဖြင့်ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်သောအခါမှ နဖူးမှကျလာသည့်ချွေးများက မျက်လုံးထဲအထိဝင်လာခြင်းကြောင့်အမြင်အာရုံဝေဝါးနေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။

"အချိန်စေ့ပြီ...အားလုံးပဲစာရေးနေတာရပ်လိုက်တော့"

ခေါင်းလောင်းထိုးသည်နှင့်အခန်းစောင့်ဆရာဆီအဖြေလွှာများအပ်ခဲ့ပြီးအပြင်ထွက်ခွင့်ရသည်။
ဖူကျားတစ်ယောက်လူအုပ်ကြီးနှင့်အတူအပြင်ထွက်လာသောအခါအရှိန်ပြင်းလွန်းလှသည့်နေရောင်ခြည်က ကျိန်းစပ်နေသည့်သူ့မျက်လုံးများကိုမူးပြာဝေသွားစေသည်။

ကျောင်းအပြင်ဘက်သို့ရောက်သည်နှင့်ဖူကျားတစ်ယောက် အချိန်ပိုင်းအလုပ်ခွင်ဖြစ်သည့်
KTV ဘားသို့ချက်ချင်းတန်းသွားရသည်။

KTV သို့ရောက်သောအခါအနောက်ပေါက်တံခါးမှဝင်ပြီးအလုပ်ယူနီဖောင်းမလဲခင်သူဌေးကိုနှုတ်ဆက်ရသေးသည်။

သူဌေးဆိုလို့မဆီမဆိုင်စမ်မုန့်ခယ်ကိုသတိရသွားသည်။ သူ့ကိုကာကွယ်ပေးပါမည်ဟုတစ်တွတ်တွတ်ပြောနေသောထိုကောင်မလေးကအချဥ်တော့မဟုတ်။ လွန်ခဲ့သောနှစ်လအတွင်းသူ့အကြောင်းတော်တော်များများကိုသိနေပြီဖြစ်သည်။ နံပါတ်၆အထက်တန်းကျောင်းသို့ပြောင်းလိုသည့်ဖူကျား၏ရည်ရွယ်ချက်ကိုလည်းသိသလို စားသောက်ဆိုင်တွင်အချိန်ပိုင်းဝင်လုပ်နေသည်ကိုလည်းသိထားသည်။

You've reached the end of published parts.

⏰ Last updated: Nov 09, 2023 ⏰

Add this story to your Library to get notified about new parts!

Slow - witted (Myanmar translations)Where stories live. Discover now