Chapter 8

112 22 1
                                    

လုချမ်တစ်ယောက် "ပထမနှစ်ဘာသာရပ်အခြေခံလေ့ကျင့်ခန်းစာအုပ်အတွဲ(၁)" ဟူ၍ခေါင်းစဥ်တပ်ထားသောစာအုပ်ဆီသို့အ
ကြည့်ရောက်သွားသည်။ စာအုပ်အထူကိုတစ်ချက်ကြည့်ရုံနှင့် အထဲတွင်စာမျက်ပေါင်းတစ်ရာကျော်နီးပါးလောက်ရှိမှန်းသိနိုင်သည်။

"ဒီစာအုပ်ထဲကပုစ္ဆာတွေကိုမတွက်တတ်တာလား"

သူ့အမေးကိုဖူကျားကဇဝေဇဝါနှင့်ပြန်ဖြေသည်။ "သင်္ချာပုစ္ဆာတွေကိုလူတိုင်းလွယ်လွယ်တွက်နိုင်မှာတဲ့လား...လူတစ်ယောက်နဲ့တစ်ယောက်မှမတူတာ...ဒါတွေသာငါ့အတွက်အရမ်းလွယ်နေရင်ငါမင်းကိုအကူအညီမတောင်းနေတော့ဘူး"။

ဖူကျားလက်ထဲရှိစာအုပ်ကို လုချမ်လှမ်းယူလိုက်သည်။ "ကိုယ်တစ်ချက်လောက်ကြည့်ပါရစေ"။

စာမျက်နှာအချို့ကိုအကြမ်းဖျင်းလှန်လှောကြည့်ပြီးနောက် ဖူကျားအားလေသံခပ်အေးအေးဖြင့်ပြောလိုက်သည်။ "ဒီပုစ္ဆာတွေကိုတွက်ဖို့ခက်နေတယ်ဆိုရင်...လောလောဆယ်ဆက်မတွက်နဲ့ဦး
ဖတ်စာအုပ်ကိုအရင်ဖတ်ကြည့်လိုက်"။

လုချမ်က သူ့အားနှိမ်ချပြီးပြောဆိုခြင်းမရှိသော်လည်း ဖူကျားတစ်ယောက်သူ့ဘာသာသူသိမ်ငယ်စိတ်ဝင်လာမိသည်။ လေ့ကျင့်ခန်းစာအုပ်ကိုလုချမ်၏လက်ထဲမှအတင်းပြန်ဆွဲယူကာ ကျောပိုးအိတ်ထဲသို့အကြမ်းပတမ်းပြန်ထိုးထည့်လိုက်သည်။ "အပိုတွေပြောမနေနဲ့...မင်းငါ့ကိုကူညီမှာလား...မကူညီဘူးလားဆိုတာပဲပြော"။

လုချမ်က လက်ပတ်နာရီကိုတစ်ချက်လှမ်းကြည့်ပြီးပြောလာသည်။ "နောက်ကျနေပြီ"။

သူ့စကားကြောင့် ဆတ်ဆတ်ထိမခံသောဖူကျားမှာကျည်ဆန်အမှန်ခံလိုက်ရသလိုဒေါသတစ်လိပ်လိပ်ထွက်လာသည်။ "အဟက်...ဘာလဲနောက်ကျနေပြီဆိုတော့ငါ့ကိုမောင်းထုတ်တော့မလို့လား"။

"ကိုယ်အဲ့လိုမပြောမိပါဘူး"

လုချမ်ကထိုသို့ပြန်ပြောလာပြန်တော့ ဖူကျားတစ်ယောက် မာန်ဖီနေသောကျားပေါက်လေးအမြှီးကုပ်သွားသကဲ့သို့ နှုတ်ခမ်းလေးတင်းတင်းစေ့ကာငြိမ်သွားသည်။

"ကိုယ်ပြောချင်တာက...အခုကအရမ်းနောက်ကျနေပြီဆိုတော့မင်းကိုစာသင်ပေးဖို့အဆင်မပြေတော့ဘူးလေ...မနက်ဖြန်ကသောကြာနေ့ဆိုတော့ကျောင်းမှာနောက်ကျတဲ့အထိကိုယ်ပိုင်စာလေ့လာချိန်မရှိဘူး...မင်းအတွက်အဆင်ပြေတယ်ဆိုရင်ကျောင်းဆင်းချိန်လောက်ကိုယ့်ကိုလာရှာလှည့်"

Slow - witted (Myanmar translations)Dove le storie prendono vita. Scoprilo ora