Intro

5.2K 92 4
                                    

ခံစားဖူးကြလား ကိုယ်အရမ်းချစ်ရတဲ့သူကလေ ကိုယ့်ကိုအရမ်းမုန်းနေတာမျိုးကို သူမုန်းလေကိုယ်ကချစ်လေပဲ တစ်ချိန်ထဲမှာအမုန်းနဲ့အချစ်တစ်ပြိုင်နက်ထဲဖြစ်နေတာမျိုးပေါ့ ...

"ဟေ့ နှောင်း မင်းငိုင်နေပြန်ပြီ ဘာလဲ မင်းရဲ့ ၀သာန်လေးကိုမျှော်နေပြန်ပြီလား ဟမ်"

"ဟာ မင်းကလဲမဟုတ်ပါဘူး"

နှောင်း ဆိုတာကတော့ နှောင်းခတ်ဦးညိုဆိုတဲ့ ဆယ်တန်းကျောင်းသားလေးပဲဖြစ်ပါတယ် ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ် တစ်ယောက်ထဲသီးသန့်နေတဲ့သူမျိုးပေါ့ သူငယ်ချင်းဆိုလို့လဲ ဝေယံမင်းခန့်ဆိုတဲ့သူငယ်ချင်းသာရှိသည်။

"နှောင်း ဟိုမှာမင်းရဲ့ မင်းသားကြီးလာပြီ"

သူပြောတဲ့မင်းသားကြီးဆိုတာကတော့ နှောင်းတစ်ဖက်သက်ကြိုက်နေရတဲ့ ကျောင်းကနာမည်အကြီးဆုံးကျောင်းသား ရှင်းတု၀သာန်..
ဟုတ်ပါတယ် နှောင်းကြိုက်နေတာက ယောင်္ကျားလေးတစ်ယောက်ကိုပါ သူ မချစ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်မရခဲ့တဲ့ တွယ်ညိတက်တဲ့ကြိုးလေးပေါ့ သူအဲ့ကြိုးလေးကိုဖျည်ချင်ပါရဲ့ တင်းလွန်းတဲ့ကြိုးလေးကသူ့ကိုနာကျင်စေတယ်လေ

"ဟ ဘယ်သူများလဲလို့ ငါတို့ရဲ့ စံပြကျောင်းသားကြီး နှောင်းခေတ်ဦးညိုပါလား တွေ့ရတာ၀မ်းသာပါတယ်နော် ကျွန်တော်နာမည် ရှင်းတု၀သာန်ပါ"

ရီသဲ့သဲ့လာစနေတဲ့ ၀သာန်ကိုသူဘာမှပြန်မပြောနိုင်ပါ ၀သာန်ကသူ့ဆိုအရမ်းမုန်းတာလေ ဘာလို့မုန်းလဲဆိုတာတော့ သူလဲမသိဘူး ကိုယ့်ကိုမုန်းတဲ့သူကိုချစ်နေရတာပင်ပန်းတယ်...

"အင်း ဝသာန် ကျောင်းနောက်ကျတော့မယ် သွားတော့လေ မင်းခိုင်းစရာရှိရင်ခေါ်ခိုင်းလိုက်"

"ဟားဟားး စောက်ပေါ ဟမ် ငါကမင်းလိုလူကိုခေါ်ခိုင်းစရာလား ရွံဖို့ကောင်းတယ် မင်း၀တ်ထားတာလဲမင်းပြန်ကြည့် ကျောင်းစိမ်းအဖြူတောင်မင်း၀တ်လိုက်လို့မဲသဲကုန်ပြီ"

၀သာန်ပြောလိုက်တဲ့စကားကြောင့်ဘေးမှာရှိတဲ့သူတွေအကုန်လုံးက ဝိုင်းရီတော့သည်...

အချစ်ကခါးသည်Where stories live. Discover now