10

892 43 4
                                    

နှောင်းလဲရေမိုးချိုးပြီးတော့ ၀သာန်လဲအပြင်ထွက်သွားသည်မို့ ပျင်းနေသည်နှင့် အိမ်အောက်က ဒန်းလေးမှာထိုင်ဖို့ထွက်လာလိုက်သည် ဒန်းနားရောက်တော့ ဒန်းပေါ်ထိုင်နေတဲ့ အကို၀သုန်ကိုတွေ့တော့ ပြန်ဖို့ပြန်လှည့်လိုက်တော့

"‌ညို "

"ဟုတ် "

နှောင်းလဲပြန်ဖို့မကောင်းတာနဲ့ပဲ ရှိနေတဲ့နေရာမှာပဲရပ်နေလိုက်တော့သည် ကို၀သုန်ကလဲထလာကာ နှောင်းရဲ့အရှေ့မှာလာရပ်သည်

"ကိုယ့်ကိုရှောင်နေတာလား ညို ဘာလဲကိုယ်ကကြောက်စရာများကောင်းနေလို့လား "

"မဟုတ်ပါဘူး"

သူတို့နှစ်ယောက်ရဲ့ အနေအထားက အကွာအဝေးကသိပ်မရှိတော့တာမို့ နှောင်းလဲအနောက်ကို ခြေတစ်လှန်းစုတ်မိတော့ ကို၀သုန် ကလိုက်တိုးသည် နှောင်းကလဲနောက်ဆုတ် ကို၀သုန်ကလဲ ရှေ့တိုးနဲ့ နောက်ဆုံးကျ နှောင်းက အိမ်နံရံနဲ့တိုက်မိနေတာမို့ ထက်ဆုတ်လို့မရေတော့ပေ ကို၀သုန်က ညာဘက်လက်ကို နံရံပေါ်ထောက်ထားကာ ကျန်တစ်ဖက်နဲ့ ငုံ့နေတဲ့နှောင်းရဲ့မေးဖျားကို ကိုင်ကာ မော့စေလိုက်တော့သည်

"ကိုယ်နဲ့ မပတ်သတ်ရဘူးလို့များ ၀သာန်ကမှာထားလေသလား ညို"

"အဲ့လိုမဟုတ် အွန့်..."

နှောင်းစကားပြောမပြီးခင်ပဲ နှောင်းနှခမ်းပေါ်နူးညံ့လှသည့် နှခမ်းတစ်စုံက ကျရောက်လာတော့သည် ထိယုံလေးပဲ တကယ်ထိယုံလေးနဲ့နမ်းနေသည် နှခမ်းနှစ်ခု ထိကပ်ထားသည်ပဲရှိ၏ ခနကြာမှ ပြန်ခွာပေးတော့သည်

"ကိုယ်တောင်းပန်ပါတယ် ညို ကိုယ်လေ..ကိုယ် ညိုကိုချစ်မိနေပြီထင်တယ်"

"ဟင်"

"ဟုတ်တယ် ကိုယ်မင်းကိုချစ်တယ် ညို"

"မဖြစ်..မဖြစ်နိုင်ဘူးလေ အကို၀သုန် ကျွန်တော်ကအကို့ရဲ့ညီ ၀သာန်ရဲ့ ယောင်္ကျားတစ်ယောက်ပါ ကျွန်တော်တို့ကမဖြစ်နိုင်ဘူးလေ"

"ကိုယ်သိတယ် ဒါပေမယ့် ညို ကိုချစ်မိနေတဲ့စိတ်ကိုတားမရဘူး ညိုရယ် ကိုယ် ဘာမှအတင်းမတိုက်တွန်းပါဘူး ညို ၀သာန်ရှိမှာ မပျော်တော့ရင် အကိုစီကိုလာလို့ရတယ်နော် ကိုယ်လက်ခံတယ်"

အချစ်ကခါးသည်Where stories live. Discover now