"အင့် အမ်း"
နှောင်းနိုးလာတော့ ဘယ်နေရာမှန်းမသိတဲ့ အစိမ်းသပ်သပ်နေရာကြီးကိုရောက်နေသည် သို့သော် ဒီခံစားချက်ကိုသူသိပါသည် ဘာလို့ဆို ငယ်ငယ်က သူ့မိဘတွေစွန့်ပြစ်ခဲ့လို့ မိဘမဲ့ကျောင်းရောက်ထဲက အရမ်းချူခြာတာမို့ ဆေးရုံခနခနတက်ရတော့ အခုဒီခံစားချက်က စိမ်းသပ်နေပေမယ့် အရမ်းတော့လဲ ကသိကအောက်မဖြစ်ရပါ
"နှောင်း..နှောင်းနိုးလာပြီလား"
"အင်း"
"မထနဲ့အုန်း နှောင်း ငြိမ်ငြိမ်လေးနေနော် ဗိုက်ခွဲထားတော့ ထိုင်လို့မရသေးဘူးလို့ ဆရာ၀န်ကပြောတယ်"
"ဟမ် ဗိုက် ငါ့ကလေး ငါ့ကလေး ဘာဖြစ်လို့လဲ "
"နှောင်း..."
သူ့ကိုခေါ်တော့ မျက်ရည်လည်သိုင်းနဲ့ လှည့်ကြည့်လာတယ့် နှောင်းရဲ့မျက်၀န်းလေးတွေကို သူရင်မဆိုင်နိုင်ပါ ရင်မဆိုင်ရဲတာဆိုပိုမှန်မလားပဲ
"ငါ့ကိုပြော အခုချက်ချင်းပြောဘာလို့ ငါ့ဗိုက်ကိုခွဲတာလဲ"
"ကလေး...ကိုယ်တို့ရဲ့ကလေးက..မရှိတော့ဘူး နှောင်း"
"ဟမ်!!မဟုတ်ဘူး ငါတို့ကလေး ငါ့ရဲ့ရင်သွေးလေး မဖြစ်ရဘူး ဟင့် ငါကလေးရယ် ပါးပါးတောင်းပန်ပါတယ်နော် ပါးပါးမကောင်းတို့ပါ ပါးပါးသာ ကောင်းခဲ့ရင် ဟင့် ပါးပါးကလေးအခုလိုမသေရတော့ဘူး ဟင့်"
ရှိုက်ရှိုက်ပြီး မျက်ရည်တွေသုတ်လိုက် ဗိုက်လေးကိုပွတ်လိုက်နဲ့ ငိုနေရှာတဲ့ နှောင်းကိုတွေ့တော့ သူ့ရဲ့မမလဲ မရှိတော့ဘူးဆိုတဲ့ စကားကို မောင်ဘယ်လိုများပြောရပါ့မလဲကွာ
"နှောင်း.."
"ဘာလဲ ဘာတွေနှိပ်ဆက်မို့လဲ အသေသာသတ်လိုက်ပါတော့လား ရှင်သန်နေရလဲ ဘာမှဖြစ်မလာနိုင်တော့တဲ့ ဘ၀ကြီးပဲကို ငါတောင်းပန်တာမို့ သတ်လိုက်ပါတော့လား ကွာ ငါ့ကလေးလဲမရှိတော့ဘူး"
"နှောင်းရယ် မငိုပါနဲ့ မောင်ရှိတယ်လေ မောင်ရှိတာမို့ ထက်ငိုနေရင် မောင်ရင်ကွဲရလိမ့်မယ် ကလေးရယ် မငိုပါနဲ့နော် မောင်နောင်တရနေပြိမို့ မငိုပါနဲ့တော့ကွာနော်"