Part_16

281 8 0
                                    

အရာရာကို အကုန်နားလည်နေတဲ့ ၀သုန်က ညီငယ်လေးသိတက်တဲ့အရွယ်ရောက်လာတော့ သူ့ရဲ့ဦးလေးအကြောင်းကို သွေးထိုးပြောထားတော့ ၀သာန်က နှောင်းရဲ့မိဘတွေကို သေအောင်မုန်းနေခဲ့တယ် ဘာလို့ဆို သုတပိုင် ‌ဆုံးထဲက သူ့အဖေကော သူ့အမေကောက စိတ်မကောင်းဖြစ်ရပြီး ရောဂါတိုးရတယ် ၀သာန်ဖေဖေဆို နှလုံးအစားထိုးကုရတဲ့အထိပဲ လူကောင်းတစ်ယောက်ကို ရက်ရက်စက်စက်သတ်ပြစ်ခဲ့တာကိုတော့ ၀သာန် လုံး၀မကျေနိုင်ဝာာကတော့ သူ့အမှားလဲမဟုတ်ဘူးမလား~~

...............°

"ဆရာ ကျွန်တော်ဘာဖြစ်တာလဲဟင်"

ဆရာ၀န်ကလဲပြုံးရင်း နှောင်းကိုကြည့်ကာ

"လူနာ မဆိုးရိမ်ပါနဲ့နော် ဘာမှဖြစ်တာမဟုတ်ပါဘူး လူနာမှာ ကလေးရှိနေတာပါ"

"ဗျာ!!!?"

"ဟင် ဆရာ မဟုတ်တာကြီးကို သေချာပြန်ကြည့်ပါအုန်း နှောင်းက ယောင်္ကျားလေးလေဘယ်လို ကလေးရနိုင်မှာလဲ သေချာစစ်ပေးပါအုန်းဗျာ"

၀သုန်၀င်ပြောတဲ့ထိ နှောင်းကတော့ အံ့အောနေတဲ့မျက်နှာလေးနဲ့ ဆရာ၀န်ရဲ့စကားကို သေချာဂရုစိုက်နားထောင်နေတယ်

"လူနာရှင်နဲ့လူနာ သေချာနားထောင်ပါနော် လူနာက ကိုယ်၀န်ရှိနေတာပါ လူနာနှောင်းခတ်ဦးညိုက မွေးရာပါ သားအိမ်ပါတာကို တွေ့ရပါတယ်နော် သေချာပြန်စစ်ကြည့်ဝောာ့ နှောင်း‌က မွေးတုန်းက အမွှာအမရှိခဲ့ဖူးပုံပေါ်ပါတယ် သူ့အမရဲ့ သားအိမ်က နှောင်းရဲ့ကိုယ်ထဲကို မတော်တဆ မှားပါလာပုံရပါတယ် အမြွှာတွေဆိုတာက အမေ၀မ်းထဲမှာ ကျပ်ကျပ်တည်းတည်းနေလာရတာမို့ ဒီလိုမျိုး မှားပါတာမျိူးကတော့ ဖြစ်ခဲပါတယ် ဒါပေမယ့် ရှိပါတယ် "

"ဟင်းးး ဒါဆို ‌ကျွန်တော်က ဘာဆက်လုပ်ရမလဲ"

"အို?..ဘာလဲ လူနာက ကလေးမမွေးချင်တာလား လူနာရှင်က တာ၀န်မယူလို့လား ဟေ့လူနာရှင် မင်းကဘာလဲ တာ၀န်မယူတာလား လူနာကို ဘယ်လိုပဲ ယောင်္ကျားလေးဆိုဆို လုပ်ပြီးရင် တာ၀န်ယူရတယ်လေ"

"ဆရာ ဆရာ မဟုတ်ပါဘူး အဲ့တာက ကျွန်တော် အမျိုးသားမဟုတ်ပါဘူးဆရာ"

အချစ်ကခါးသည်Where stories live. Discover now