၀သုန်ထွက်သွားသည်နှင့် နှောင်းလဲ ဆေးရုံက ပြေးထွက်လာလိုက်ပြီး ခြေဦးတည့်ရာ ရှောက်သွားနေလိုက်သည် ခေါင်းထဲလည်း အတွေးတွေပတ်ချာလည်နေတော့သည်*မောင်က ငါ့ကိုချစ်လို့မဟုတ်ပဲ မုန်းလို့ယူခဲ့တာပေါ့*
*ငါက ငါ့အမရဲ့ ဘ၀ကိုရယူထားတဲ့သူပေါ့လေ*
*ဗိုက်ထဲက ကလေးက ငါ့အမသားအိမ်နဲ့ ငါ့အမကို နျိပ်ဆက်နေတဲ့သူရဲ့ သွေးနဲ့ရမယ့်ကလေးပေါ့လေ ဟားးးးဟားးးး ရူးမိုက်လိုက်တာကွာ*
နှောင်းလဲ လမ်းကွေ့က ဓာတ်တိုင်နားမှာ မှီပြီး ငိုနေလိုက်တော့သည်
"ဟေ့ကောင်လေး"
"ဟမ်?"
အမှောင်ထဲမှာငိုနေတုန်း။ရင်းနှီးတဲ့ အသံတစ်သံကြားမိတေယ့ မော့ကြည့်မိသည် နှောင်းအိမ်က ထွက်မလာခင် တွေ့ခဲ့တဲ့ ကောင်းစုပြည့်လျှံဆိုတဲ့သူ.....
"ဘာလို့ငိုနေရတာလဲ"
"ဘာမှမဖြစ်ဘူး မင်းအပူမပါဘူး"
"ဟာ စွာလိုက်တာ ကိုယ့်ကျေးဇူးရှင်ကိုတေယင် မလေးမစားနဲ့"
"ဘာကျေးဇူးရှင်လဲ အခုမှတွေ့ဖူးတာကို အရူးကွက်လာမနင်းပါနဲ့"
"ဟော ကျေးဇူးရှိမှကျေးစွပ်တယ်ဆိုတာ။ တကယ်ပဲ"
"ဘာတွေပြောနေတာလဲဗျာ ပျော်နေတာမဟုတ်ဘူနော်သေချင်လို့လား"
"ဗြဲခြောက်လိုက်တာဗျာ ရော့ ဒီကဒ်ဆိုရင်တော့မင်းသိမှာပေါ့"
ကောင်းထိုးပေးလိုက်တဲ့ ကဒ်ကိုယူကြည့်မိတော့ ဟိုတစ်နေ့ကညရန်ဖြစ်တော့ ကူညီခဲ့တဲ့သူကို ပထမဆုံးပေးမိတဲ့ သူရဲ့ နာမည်ကဒ်
"ဒါဆို ခများက ဟိုနေ့ညက လူပေါ့"
"အော် တော်သေးတာပေါ့ သိသွားသေးလို့"
"အင်း ကျေးဇူးပါ အရင်ကဆိုရင်တော့ ကျွန်တော် ယောက်ကျားဆီက ပိုက်ဆံတောင်းပြီး ကျေးဇူးဆပ်လို့ရပေမယ့် အခုကတော့ ကျွန်တော်က ဘာမှမရှိတော့တဲ့ ငမွဲဖြစ်နေပြီ အဲ့တော့ ကျေးဇူးစကားပဲယူလိုက်တော့"
"မင်း ပင်ပန်းနေတာလား ဒါမှမဟုတ်တစ်ခုခုဖြစ်နေတာလား"
"ဘာမှမဖြစ်ဘူး....."