5

739 29 0
                                    

ကလင်'ကလင်'ကလင်

ဖုန်းမြည်သံအကျယ်ကြီးလာနေပေမယ့်လဲ အရင်နေ့ကအိပ်မပျော်တာတွေကော စိတ်ညစ်တာတွေကောကြောင့်အိပ်ရေးပျက်လာတဲ့ နှောင်းကတော့ ကျောင်းသွားဖို့ဘယ်လောက်မှမလိုတဲ့အချိန်ထိပင်မနိုးသေးပင် ဖုန်းသံက တစ်ခါ_နှစ်ခါ_သုံးခါထိမကိုင်ပဲ လေးခါမြောက်ကျမှ နှောင်းလဲအိပ်ချင်မူးတူးနဲ့ကိုင်လိုက်တော့သည်~~

"ဟယ်လိုဘယ်သူလဲမသိဘူးဗျ"

'နှောင်းခေတ်ဦးညို!ဘယ်ချိန်ရှိနေပြီမို့ကျောင်းမလာသေးတာလဲဟမ်! စာချုပ်ချုပ်ထားတယ်ဆိုပြီး ငါ့ခိုင်းတာမလုပ်တော့ဘူးလို့တွေးနေ‌တာတော့မဟုတ်ပါဘူးနော်'

ဖုန်းကိုင်လိုက်တာနဲ့ ‌လာအော်နေတဲ့ ၀သာန်ကြောင့် နှောင်းမှာအိပ်ချင်ပါပြေသွားကာ ထထိုင်လိုက်ပြီး နာရီကြည့်လိုက်တော့ 8:40

"ဟာ မိနစ်20လောက်ပဲအချိန်ရှိတော့သည်"

'မင်းဘာပြောလိုက်တာလဲနှောင်း'

"မင်းကိုပြောတာမဟုတ်ဘူး အတန်းပိုင်ဆရာမကိုပြောထားပေးအုန်း ငါအခုပဲလာခဲ့မယ် "

'အင်း'

၀သာန်ဖုန်းချပြီးတာနဲ့ ရေချိုးခန်းထဲအမြန်၀င်ကာ သူ့ဝေယာဝေစ တွေကိုအမြန်လုပ်ရတော့သည် ရေချိုးအ၀တ်စားလဲပြီးတာနဲ့ကျောင်းကိုအမြန်ပြေးလာရတော့သည် ကျောင်းကမဝေးသည်မို့တော်သေးသည် ကျောင်းရောက်တော့လဲ နောက်ကျတာမို့ စာသင်ခွင့်မရပဲ အပြင်မှာပဲ ဒူးထောက်လက်မြှောက်ဖို့အပြစ်ပေးခဲ့တော့သည် ၀သာန်ကတော့ နှောင်းကိုကြည့်ပြီးရယ်နေတော့သည် နှောင်းလဲမျက်စောင်းထိုးလိုက်ကာ ဒူးထောက်နေလိုက်သည် အတန်းပိုင်ဆရာမအချိန်ပြီးလို့ထွက်သွားတဲ့အချိန်မှာတော့..

"ဟားးးဟားးးနှောင်း မင်းကဒီပုံနဲ့ပိုလိုက်တယ် ဟားးး တစ်နေကုန်ဒူးထောက်နေရသင့်တယ် ဟားးဟားးး ကျောင်းနောက်ကျတာကို"

"ဘောမလို့ လာရယ်နေတာလား "

နှောင်းလဲဖုန်တွေဘာတွေခါကာ အတန်းထဲရှိသူ့ခုံမှာပြန်ထိုင်လိုက်သည် ဝေယံကတော့မေးရှာပါသည် အဆင်ပြေရဲ့လားတဲ့ သူ့ဖြေနေကြအတိုင်းပဲ အဆင်ပြေပါတယ်ဝေယံရယ် ဟုသာပြန်ဖြေလိုက်တော့သည်

အချစ်ကခါးသည်Where stories live. Discover now