18

165 6 0
                                    

"နှောင်း မင်း!! မင်းဘယ်လိုတောင် ပြောလိုက်တာလဲ "

နှောင်းကိုလက်ရွယ်လိုက်တော့ ကောင်းက ကြားထဲကနေ လက်ကိုကိုင်ပြီး ဖယ်ချလိုက်သည်

"ဟမ့်!! ဘာလဲ အဲ့ကလေးက အဲ့ကောင် ကောင်းနဲ့ရတာမလား"

"တော်လိုက်စမ်း ရှင်းတု၀သာန် ဟိုလူနဲ့လိုက် သမုတ်လိုက် ဒီလိုနဲ့ လိုက်သမုတ်လိုက်နဲ့ မင်းစိတ်ထဲမှာငါ့ကို -ာလို့များထင်နေလားဟမ် ငါလဲငါ့မာနရှိတယ် ဟုတ်တယ် မင်းထင်ချင်သလိုထင်လို့ရတယ် ဒီကလေးက မင်းကလေးမဟုတ်ဘူး ရပြီလား ကျေနပ်ပြီလား ဟမ် အခုအရမ်းတွေကျေနပ်ပြီမလား"

"နှောင်း မင်းပြန်ပြောလိုက်စမ်း"

"ငါ့ဗိုက်ထဲကကလေးကမင်းကလေးမဟုတ်ဘူးကွာ ငါ့ဘာသာငါ တွေ့ရာလူနဲ့ ဖြစ်လာတာ မင်းနဲ့ဘာမှမဆိုင်ဘူး ရပြီလား"

"မင်းကွာ မင်းမို့လို့!!"

"ဟမ့်!!! ငါ့မမကော?"

"ဘာ...ဘာ မ..မမလဲ"

"ငါအကုန်သိတယ် ငါ့မမကို မင်းတို့ နှစ်ယောက် ဖမ်းထားတယ်ဆိုတာ ဘာလို့များလဲ ငါ့မမက ဘာများမှားနေလို့လဲ ဘာတွေကများ မှားနေလို့လဲ"

"မင်းကို ဘယ်သူပြောလိုက်တာလဲ အကိုလား"

"ဘယ်သူကမှလာပြောတာမဟုတ်ဘူး ငါ့ဘာသာသိတယ် အဲ့လိုပြောတယ်ဆိုတော့ မင်း၀န်ခံတယ်ပေါ့ "

"ဟမ်း မင်းဘယ်ကဘာကြားလာလဲတော့မသိဘူး ငါလဲမရှင်းပြချင်ဘူး ဒါပေမယ့် မင်းသိထားတာ အမှန်ဟုတ်မှာမဟုတ်ဘူးဆိုတာတော့ သေချာတယ်"

"ငါဘာမှစောက်ဂရုမစိုက်ဘူး ဘာကမှန်မှန်ဘာကမှားမှား ဘာကိုမှဂရုမစိုက်ဘူးကွာ ငါ့ကိုသာ ငါ့မမကို ပြန်ပေးစမ်းပါ မင်းတို့ဘယ်တော့မှ မတွေ့နိုင်တဲ့ နေရာကို ငါထွက်သွားပေးမှာမို့ အခုပဲ ငါ့ကိုကွာရှင်းပေးပြီး ငါတို့ကို လွတ်လပ်ခွင့်ပေးပါ"

"ဟားးးးဟားးး!! မင်းသိပ်ရယ်ရတယိ နှောင်းရယ်။ ဘယ်တုန်းကများ ငါ့လက်ထဲက ထွက်သွားဖို့ အတွေးရှိလာတာလဲ ခများရယ် လွတ်မယ်များထင်နေတာလား တစ်သက်လုံးမလွတ်နိုင်ဘူး"

အချစ်ကခါးသည်Where stories live. Discover now