3

971 38 0
                                    

နှောင်းလဲ ထမင်းစားပြီးတာနဲ့ခြံထဲဆင်းကာ ခြံထဲက ဒန်းလေးမှာ ထွက်ထိုင်နေလိုက်သည်
ဒန်းလေးကအတော်တော့လှသည်ဗျ ‌အပြာရောင်တွေဆေးခြယ်ထားတာ ဒန်းပေါ်ကနေ အိမ်ကိုကြည့်လိုက်တော့အိမ်ကနန်းတော်လို့တောင်တင်စားရအောင်ကြီးမားပြီးလှပါသည် ၀သာန်တို့အသိုင်းအဝိုင်းကသူ၀င်ဆံ့ဖို့မဖြစ်နိုင်ဘူးပဲ

"ဟိတ် ဘယ်ကချာတိတ်လေးလဲ"

နှောင်းရဲ့ပုခုံးကိုလာပုတ်တာကြောင့် နှောင်းလဲလှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ အကိုတစ်ယောက်ကရပ်နေသည် အဲ့တာနဲ့နှောင်းလဲထရပ်လိုက်တော့

"အို ဘာလို့ထတာလဲ ထိုင်နေပါ"

နှောင်းကိုပုခုံးကနေဖိကာ ပြန်ထိုင်ခိုင်းပြီး သူပါ၀င်ထိုင်လိုက်တော့သည်

"ချာတိတ်ကဘယ်သူလဲ "

‌နှောင်းကိုအသေအချာကြည့်နေတဲ့ အဲ့အကိုကို သေချာကြည့်လိုက်တော့ မျက်လုံးကဝိုင်းဝိုင်း မေးကချွန်ချွန် အသားကလဲဖြူဖွေးစွတ်နေသည် မေးကjawလိုင်းတွေကထင်းနေကာ ယောင်္ကျားလေးတစ်ယောက်မှရှိသင့်တဲ့ အရာအားလုံးနှင့်ပြည့်စုံလှသည် အသံကလဲဆွဲဆောင်မှုရှိလှသည်

"ကိုယ်မေးတာဖြေအုန်းလေ ချာတိတ်ရဲ့ ကိုယ်ကြည့်ကောင်းတာသိပါတယ် အဲ့လောက်တော့နကြည့်နဲ့လေ အနေရခတ်ရချည်ရဲ့ဗျာ"

ရယ်သွေးလွှမ်းကာ စနောက်တော့မှ နှောင်းလဲငေးကြည့်နေမိတာကိုသတိထားမိပြီး အပြစ်မရှိတဲ့ ဒန်းဘေးက သစ်ခွ‌ပင်လေးကို ကြည့်သလိုလိုလုပ်ပြီး ရှက်ရမ်းရမ်းနေမိတော့သည်

"မဟုတ်ပါဘူး ကျွန်တော်..ကျွန်တော်က အကို ကိုကြည့်တာမဟုတ်ပါဘူး အကိုနောက်ကအပင်လေးလေ အဲ့တာလှလို့ကြည့်နေတာ "

"အော် ဒါလားဒါကအဖြူရောင်သစ်ခွလေ သူကရှားတယ် တော်ယုံဆိုမရှိဘူး ကိုယ်တောင်သဘောကျလို့ ‌နိုင်ငံခြားက၀ယ်လာတာ ချာတိတ်သဘောကျရင် ယူမလား ကိုယ်လက်ဆောင်ပေးမယ်လေ"

နှောင်းလဲပြာပြာသလဲ လက်ခါပြလိုက်ကာ

"အာ..မဟုတ်တာ ရပါတယ် ကျွန်တော်ကပန်းတွေသိပ်မကြိုက်ပါဘူး ဒီတိုင်းလှလို့ပါ"

အချစ်ကခါးသည်Where stories live. Discover now