"ကြည်ဖြူ! "
၀သာန်ရဲ့အော်သံကြောင့် ရုံးခန်းထဲအလုပ်လုပ်နေတဲ့ ၀သာန်ရဲ့ အတွင်းရေးမှူးလေး ကြည်ဖြူတောင် တုန်တက်သွားသည်။
"ရှင်boss..."
"ရှင် မနေနဲ့ ငါ့ဆီအမြန်လာ"
ကြည်ဖြူလဲ ၀သာန်ရဲ့ရုံးခန်းထဲ၀င်သွားလိုက်တော့ ပစ်ချထားလို့ကွဲနေတဲ့ ပန်းအိုးတွေကော အလုပ်စရင်းဖိုင်တွေကော ပြန့်ကျဲနေသည်..၀သာန်ရဲ့မျက်နှာကလဲရဲနေကာ တော်တော်ဒေါသထွက်နေပုံပေါ်သည်
"ရှင်..boss တစ်ခုခုများဖြစ်လို့လားဟင် ကြည်ဖြူတစ်ခုခုများမှားလုပ်မိလို့လား"
"မဟုတ်ဘူး! ငါမင်းကိုဘာပြောထားလဲ ငါ့ဖုန်းနံပါတ်ကိုဘယ်သူ့ကိုမှမပေးပါနဲ့ဆို ဘယ်သူတွေကိုပေးထားသေးလား"
ကြည်ဖြူလဲ ခေါင်းတွေဇွတ်ခါကာ လက်ပါရမ်းပြီး ငြင်းရတော့သည်။
"မဟုတ်ပါဘူးboss ကြည်ဖြူဘယ်သူ့ကိုမှမပေးဖူးပါဘူးတကယ်ပါရှင် "
"ဒါဆို ငါ့ဖုန်းထဲကို ဘာလို့ မဟုတ်တာတွေကရောက်နေတာလဲ ငါ့ဖုန်းကို ငါ့မိသားစုကပဲသိတာလေ မင်းမလိမ်နဲ့နော်"
"မလိမ်ရဲပါဘူးbossရယ် တကယ်ပြောတာပါ"
"တော်ပြီမင်းသွားလိုက်တော့"
"ဟုတ်ဟုတ် ဒါနဲ့လေ ဘာတွေ၀င်လာလို့လဲဟင် "
"မင်းသိစရာမလိုဘူး ထွက်သွားလိုက်တော့"
"ဟုတ်ဟုတ်"
ကြည်ဖြူထွက်တော့မှ တင်းကျပ်လှတဲ့ necktie ကို ဖြေလိုက်ပြီး အင်ကျီကြယ်သီးသုံးခုလောက်ကိုဖြေလိုက်ပြီး ရင်ဘက်ကိုဖွင့်ဟထားလိုက်သည် ၀င်ထားတဲ့ဖုန်းထဲက နှောင်းနဲ့ သူ့သူငယ်ချင်းဆိုတဲ့ ဟိုအကောင် ဖတ်နေတဲ့ဟိုကောင်တွေဖတ်နေတဲ့ပုံကိုပြန်ကြည့်လိုက်ပြီး ဒေါသထွက်လာတာကြောင့် ဖုန်းကိုပြစ်ပေါက်လိုက်သည်
"အားးးးးးးးး"
၀သာန်ရုံးခန်းအထဲက အော်သံနဲ့အတူပေါက်ခွဲသံပါကြားတော့ ကြည်ဖြူက၀င်လာဖို့လုပ်လိုက်ဝောာ့
"Boss...."
"မ၀င်လာနဲ့ ငါ့အခန်းထဲဘယ်သူမှမ၀င်လာနဲ့ သွား"