"နှောင်းသက်သာလား"
"အင်း..."
"မောင့်ကို စိတ်ဆိုးနေတုန်းလား"
"ဟင်အင်း.."
"စိတ်ကောက်နေတာပေါ့လေ"
"မဟုတ်ဘူး"
"ဘာဖြစ်နေတာလဲဒါဆို"
"စိတ်နာတာ.."
"ဟာ နှောင်းကလဲ မောင်ကို အဲ့လိုတော့လဲ မရက်စက်ပါနဲ့ကွာ မောင်က တောင်းပန်ပြီးနေတာပဲကို"
"ဘယ်သူက တောင်းပန်ခိုင်းလို့လဲ"
"မောင့်ကလေးလေးက မောင့်ကိုစိတ်နာတယ်ဆိုလဲနာပါ ရပါတယ် မောင့်အပေါ်သာ စိတ်မကုန်နဲ့နော်"
"၀သာန် ငါမင်းကို သေလောက်အောင်ကိုမုန်းနေတာ"
"မောင်ကတော့ ချစ်တယ် ရွှတ်"
၀သာန်လဲ ရေသောက်နေတဲ့ နှောင်းရဲ့ပါးလေးကို အသံမည်အောင် နမ်းလိုက်တာမို့ နှောင်း ရေတွေပင် သီးကုန်တော့သည်
"အော် နှောင်းရယ် ကလေးလား ရေတောင်သီးအောင် သောက်ရလား "
၀သာန်လဲ လက်သုတ်ပဝါလေးနဲ့ နှောင်းကိုသုတ်ပေးလိုက်သည်
"နေပါအုန်း ငါအဲ့တာမြင်ဖူးသလိုပဲ"
နှောင်းလဲ ၀သာန်ကိုင်ထားတဲ့ ပဝါလေးကို ယူကြည့်လိုက်တော့ သူအရင်က ၀သာန်ကို စသဘောကျမိတော့ သူမသိအောင် ပေးခဲ့တဲ့ ပဝါလေး နှောင်းလဲ ၀သာန်ကို ကြည့်မိတော့ ဝသာန်က အေးမြတဲ့ အပြုံးလေးကို ပန်ဆင်ထားသည်
"မှတ်မိလား မင်း ငါ့ခုံပေါ် လာတင်သွားပေးတဲ့ ပဝါလေးလေ ငါကိုယ်နဲ့မကွဦဆောင်ထားတာ အဲ့တာက သခိုးလေးလို ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့မင်းကို အနောက်ကနေ ငါကြည့်နေခဲ့တာပါ ငါအကုန်သိတယ် "
"၀သာန်..."
"မောင်လို့ခေါ်ပေးပါလား.."
"ဟင့်အင်း..."
"ဘာလို့လဲ"
"ငါမင်းကို မချစ်ချင်တော့ဘူး"
"မောင်ကချစ်ပေးမယ်"
"ငါမင်းကိုမုန်းတယ်"
"မောင်ကချစ်ပေးမယ်"
"ငါမင်းနဲ့မပေါင်းနိုင်ဘူး"