11

784 49 3
                                    

မနက်အိပ်ယာနိုးလာတာနဲ့ ကိုယ်သင်းနံ့မွှေးမွှေးလေးရနေတာကိုသဘောကျတယ် လည်ပင်းပေါ်ဖျက်သွားတဲ့ လေပူငွေ့လေးတွေကိုလဲသဘောကျတယ် ဖတ်ထားလို့နွေးနေတဲ့ခံစားချက်လေးကိုလဲကြိုက်တယ် ချစ်ရသူရင်ခွင်ထဲရောက်နေတာကိုလဲသဘောကျတယ် မျက်လုံးဖွင့်လိုက်တာနဲ့ ချစ်ရသူကိုအရင်မြင်ရတာလဲကြိုက်တယ်

နှောင်းနိုးလာတော့ ၀သာန်ဖတ်ထားတဲ့ ရင်အုပ်ကျယ်ကျယ်လေးစီရောက်နေတယ်ဆိုတာသတိထားမိတယ် နှောင်းလဲထွေထွေထူးထူး ငြင်းမနေတော့ပဲ ငြိမ်နေလိုက်သည် ၀သာန်ရဲ့ မျက်နှာအစိပ်အပိုင်းလေးတွေကိုလက်နုနုလေးတွေနဲ့လိုက်ထိကြည့်ရင်း

"နှာတံဆင်းဆင်း မျက်လုံးမဲနက်နေတာလေး နားရွက်ချွန်ချွန်လေး နှာခေါင်းထိပ်ကမှဲ့လေး ပါးပေါ်က မှဲ့သေးသေးလေး ထင်းရင်းလှတဲ့ မျက်ခုံး ပါးပြီးဖူးနေတဲ့ နှခမ်း အရာရာကပြည့်စုံလွန်းနေတယ်မလား မောင်"

နှောင်း ၀သာန်ရဲ့မျက်နှာကိုလိုက်ထိကြည့်နေရင်းနဲ့ နှခေါင်းလေးကိုထိမိတော့ ၀သာန်ရဲ့မျက်လုံးက ပွင့်နေတာ သတိထားမိသွားတယ် အဲ့တာနဲ့ နှောင်းလဲ သူခိုးလူမိသွားသလို ထထိုင်လိုက်ကာ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ၀င်သွားလိုက်သည်

"နှောင်းက ဒီလိုကျတော့လဲချစ်ဖို့ကောင်းသားပဲ"

၀သာန်သတိမထားမိခင်မှာပဲ ၀သာန်ရဲ့မျက်နှာ၌အမည်မသိတဲ့အပြုံးတစ်ခုက ဆင်မြန်းထားသည်
ခနကြာတော့ နှောင်းထွက်လာသည် ရေဆိုနေတဲ့ မျက်နှာ ရေဆိုနေတဲ့ ခေါင်းကို သဘက်နဲ့သုတ်ကာ အပြင်ထွက်လာသည် ရေသုတ်နေတဲ့သူ့ကိုကြည့်မိတော့ အတော်အပြစ်ကင်းဆင်တဲ့ ပုံစံလေး တကယ်ချစ်စရာလေးပါ ၀သာန်နဲ့မတူညီတဲ့အရပ်လေးကလဲ တစ်မျိုးချစ်စရာကောင်းတယ် နှခမ်းထူထူပြစ်ပြစ်လေးကလဲ ချစ်စရာ၊ ဆံပင်တွေက ညိုနေတာလေးတွေ၊ မျက်၀န်းညိုလေးတွေ တကယ်သဘောကျစရာတွေကြီးပဲ၊။

"မင်းသာ အဲ့မိသားစုကမဟုတ်ခဲ့ရင်သိပ်ကောင်းမယ် နှောင်းရယ်"

"ဟမ်?"

၀သာန်စိတ်ထဲကနေတွေးနေတဲ့စကားက မထင်မှတ်ပဲ အပြင်မှာပါထုတ်ပြောမိသွားသည် ၀သာန်လဲမသိချင်ယောင်ဆောင်ကာ ထရပ်လိုက်ပြီး နှောင်းဆီသွားကာ

အချစ်ကခါးသည်Where stories live. Discover now