6

743 30 6
                                    

နှောင်းလဲမင်ဂလာပွဲ ပြီးသည်နှင်း အခန်းထဲ၀င်ကာ ကုတင်ပေါ်လှဲနေခဲ့သည် ည10နာရီပင်ထိုးလုနီးပြီ ဒါပေမယ့် ၀သာန်ကတော့ ပြန်မလာသေးပင် ခနကြာတော့ အခန်းတံခါးဖွင့်သံကြားတော့၀သာန်ပြန်လာသည်အထင်နှင့် မက်တပ်ထရပ်လိုက်တော့သည် သို့သော် ၀သာန်မဟုတ်ပါပဲ သူ့အမေသာဖြစ်သည်။

"ဒီမယ် နှောင်းခေတ်ဦးညို"

"ဟုတ်..ဟုတ်ကဲ့"

၀သာန်အမေရဲ့ ဩဇာအာဏာသံပါသည်မို့ နှောင်းလဲခေါင်းလေးငုံကာပြန်ဖြေနေမိသည်

"မင်းကို ငါ့သားကဘာလို့လက်ထက်ချင်တာမှန်း ကါမသိဘူး ဒါပေမယ့် မင်းကငါတို့လိုချင်တဲ့ ချွေးမတစ်ယောက်လဲမဟုတ်ဘူး အိုကွယ် ရှင်းရှင်းပြောရရင် မင်းကလေးတောင်မွေးမပေးနိုင်ပဲနဲ့များ ငါ့သားကိုဘာတွေနဲ့ မြူဆွယ်ထားတာလဲဟမ်"

"မဟုတ်..မဟုတ်ရပါဘူး အမေရယ်"

"ငါ့ကိုအမေလို့မခေါ်နဲ"

အမေလို့ခေါ်လိုက်သည်နှင့် ပြန်အော်လာသည်မို့ နှောင်းကိုယ်လေးတောင်တွန့်သွားမိသည်

"ဟုတ်ကဲ့..အန်တီ ကျွန်တော် ၀သာန်ကို မမြူဆွယ်ပါဘူး ဘာမှလဲမလုပ်ဘူး သူ့ဘာသာ လက်ထက်ချင်တယ်ပြောတာပါ ကလေးမမွေးပေးနိုင်တာမှန်ပေမယ့် ကျွန်တော် သမက်ကောင်းတစ်ယောက်ဖြစ်အောင်‌တော့ကြိုးစားမှာပါ အန်တီ"

ဖြောင်းးး

နှောင်း စကားဆုံးသည်နှင့် ၀သာန်အမေရဲ့ လက်ဝါးက နှောင်းရဲ့ပါးပြင်ပေါ်ရောက်ရှိလာသည် ဘယ်လိုပဲမိန်းကလေးအားပြောပြော တစ်ခါမှအရိုက်မခံဖူးတာကြောင့် လည်ပင် လည်ထွက်သွားရသည် ပါးကလဲနီရဲတွတ်နေမှာအမှန်ပင် နှောင်းလဲသူ့ပါးလေးသူကိုင်ကာ ပြန်လှည့်လာတော့ ၀သာန်အမေက မဲ့ပြုံး ပြုံးနေတော့သည်

"ဟမ့် နင်ကများ ငါ့ကိုပြန်ပြောရသလား ဘာရယ့် သမက်ကောင်းတစ်ယောက် ရီရတယ်ဟေ့ ဟားးဟားး အဖေမရှိ အမေမရှိ တစ်ကောင်ကြွက်ကောင်ကကများ စကားကြီးစကားကျယ်တွေပြောနေတယ် နင်ရဲ့မျိုးရိုးကမသန့်ဘူးဆိုတာမသိဘူးလား ဟဲ့အကောင်ရဲ့"

နှောင်းရဲ့နဖူးကိုလက်ညိုးနဲ့ထိုးကာပြောနေပေမယ့် ၀သာန်အမေဆိုတဲ့အသိနှင့် နှုတ်ခမ်းကိုကိုက် လက်သီးကိုစုတ်ကာ ဒေါသတွေကြိမြိုသိပ်ထားရသည်

အချစ်ကခါးသည်Where stories live. Discover now