4

922 32 4
                                    

"အခုကစပြီးမင်းကငါ့အပိုင်ဖြစ်သွားပြီနော် နှောင်း မင်းဘယ်သူနဲ့မှမပတ်သတ်ရဘူး စကားမပြောရဘူး ငါ့ကလွဲပြီးစိတ်မ၀င်စားရဘူး ငါ့အကိုအပါအ၀င်ပဲ"

"နာမည်6ကိုပြန်ဖတ်လိုက်ပါအုန်း ကိုရှင်းတု၀သာန်!"

"ဟမ် ဘာလဲ"

၀သာန်လဲစာရွက်ကိုကောက်ကိုင်လိုက်ကာပြန်ဖတ်လိုက်တော့သည်

"ဘာလဲ ကိုယ်ရေးကိုယ်တာ၀င်စွတ်ဖတ်တာမဟုတ်ဘူးလေ ဒါက ငါ..ငါ ဟာမဟုတ်ဘူးလေ မင်းငါ့ကိုပဲသဘောကျရမယ်လို့ စည်းကမ်းထဲပါတယ်လေ အဲ့တော့လိုက်ပြောရလိမ့်မယ်"

"မရပါဘူး ငါ့ဘာသာကြိုက်ချင်တဲ့သူကိုကြိုက်မယ် မင်းဘာသာမကျေနပ်ရင်လဲမတက်နိုင်ဘူး ငါ့ဘ၀ကိုငါပဲပိုင်ချင်တယ် ဒါပဲ"

"ဟာကွာ ‌မင်းကလဲ ရတယ် မင်းကြိုက်တဲ့သူနဲ့တွဲရတယ် ဒါပေမယ့် နောက်ဆုံးမင်းကိုပိုင်ရမယ့်သူက ငါပဲဆိုတာမှတ်ထား"

"အင်းပြီးတာပဲ "

နှောင်းလဲကုတင်ပေါ်ကနေဆင်းကာ အောက်ထပ်ကိုသွားဖို့ တံခါးကိုဖွင့်ကာ ထွက်လိုက်ပေမယ့် လူတစ်ယောက်ရဲ့ရင်ဘက်ကိုခေါင်းနဲ့၀င်တိုက်မိလိုက်တာကြောင့်အရှိန်မထိန်းနိုင်ပဲ နောက်ပြန်လဲသွားတော့သည် အောက်ကိုကျတော့မည်အထင်နဲ့မျက်လုံးကိုစုံမှိတ်လိုက်ပေမယ့် ခါးမှာဖတ်တွယ်လိုက်သော လက်တစ်စုံကြောင့် နှောင်းလဲမျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့ သူ့ကိုခါးကနေပြန်ထိန်းပေးထားသော ကို၀သုန်ကိုတွေ့လိုက်ရတော့သည် အခုအခြေအနေရ နှောင်းနဲ့ကို၀သုန်ကနီးနီးကပ်ကပ်ဖြစ်နေတော့သည် မျက်လုံးချင်းစုံနေခိုက်မှာပင် နှောင်းပြန်အဆွဲခံလိုက်ရသည်မို့ ကြားထဲမယ် ကန့်လန့်လေးဖြစ်နေတော့သည်

"အကို ဒါက ကျွန်တော်အပိုင်ပါ"

"ဟမ် "

"ဟုတ်တယ် ကျွန်တော်သူ့ကိုဖွင့်ပြောထားတာ သူလဲအဖြေပေးပြီးပြီ အဲ့တော့သူက ကျွန်တော်အပိုင်ဖြစ်သွားပြီအကို "

"ဟာ မဟုတ်.."

မဟုတ်ဘူးပြောချင်ပေမယ့် ၀သာန်က မျက်လုံးနဲ့မပြောနဲ့ဆိုတဲ့ပုံကြည့်လာတာမို့မပြောလိုက်ရပေ..

အချစ်ကခါးသည်Where stories live. Discover now