2

1.1K 56 0
                                    

"တော်ပါသေးတယ်ဟယ် ရတုမောင်ရယ် တိုက်မိမလိုပဲဖြစ်သွားတာ...ကံကောင်းလို့..."

"ဘုတ်"

ရှင်းသန့်က "တော်ပါသေးရဲ့" ဟုဆိုတော့ ရတုမောင်က ရှင်းသန့်ရဲ့ကျောကုန်းကို ထုလိုက်ခြင်းဖြစ်၏။

"နင့်အားကြီးနဲ့လုပ်တာကို .....မသေတာကံကောင်း"

သူငယ်ချင်းဖြစ်သူ ရှင်းသန့်မှာတော့ ရတုမောင်ကို ဆောတီးဆိုတဲ့ အကြည့်တစ်ချက်နှင့် ပြန်ကြည့်ပြီး "ဘုန်းကြီးခေါင်းခေါက်"သလိုလုပ်သွားပြန်လေ၏။

သူငယ်ချင်းလေးယောက်ကားဂိတ်သွားနေစဉ်မှာပဲ ရတုမောင်၏လက်ကို အတင်းဖမ်းဆုပ်ခံလိုက်ရသည်။ ဖမ်းဆုပ်လိုက်သည့် အားက အရှိန်ပြင်းတာကြောင့် ရတုမောင် လန့်ဖြန့်သွားကာ အနောက်သို့လှည့်ကြည့်မိ၏။

"ဘာဖြစ်သွားသေးလဲ..ခုဏက အစ်ကိုကားနဲ့ တိုက်မိမလိုဖြစ်သွားတာ.. .. အဆင်ပြေရဲ့ လား"

ရတုမောင်ကို ထိုလူ ဖမ်းဆုပ်ထားတဲ့ လက်များကပြေလျော့သွားခြင်းမရှိ။ သူ့တစ်ကိုယ်လုံးကို ဆုံချည်ဆန်ချည်ကြည့်ကာ အခြေအနေကို အကဲခက်နေသည်မှာ ရတုမောင်အတွက် အနည်းငယ်ပင် ထူးဆန်းနေလေသည်။

ရတု ပြန်ပြောဖို့ကိုပင်မေ့လျော့နေသည်အထိ ကြောင်ရပ်နေမိသည်။ ထိုလူ့ပုံစံက ရတုတစ်ခုခုဖြစ်သွားမည်ကို အတင်းကာရော စိုးရိမ်တကြီးဖြစ်နေပုံပေါ်၏။

"ဟုတ်ကဲ့ အစ်ကို ...ကျွန်တော့်သူငယ်ချင်း ဘာမှမဖြစ်ပါဘူး ....ရပါတယ်..."

ဘေးနားရှိ စွမ်းက စကားဝင်ထောက်မှ ရတုလည်း သတိပြန်ဝင်လာလေ၏။  သို့သည့်တိုင် ရတုလက်ကို မလွှတ်ပေးသေးတာကြောင့် ရတုလက်ကို ထိုလူလက်ထဲက ရုန်းထွက်လိုက်လေသည်။

"ရပါတယ် အစ်ကို ညီမတို့ကသာ နမော်နမဲ့လမ်းလျှောက်မိလို့ပါနော် ...ဆောရီးပါနော်.."

"ဟုတ်ကဲ့ပါဗျ .. အစ်ကိုကလန့်သွားလို့ တစ်ခုခုဖြစ်သွားပြီထင်တာ...ဒီက....ကလေးရော...အဆင်ပြေတယ်မလား"

ရတုဘက်ကို ကြည့်ပြီး ထိုလူစကားပြန်ဆိုလာတော့ သတိပိုဝင်လာတော့သည်။

ရူးWhere stories live. Discover now