41

307 20 1
                                    

၇ရက်တိတိရှိခဲ့ပြီ... ရတုဆီကို ဖုန်းဆက်သွယ်လာတာမျိုးလည်း မရှိသည့်အပြင် အိမ်သို့ရောက်လာခြင်းမျိုးလဲ မရှိခဲ့ပါ။

ရတုဒေါသစိတ်ကြောင့် ပြောမိလိုက်တဲ့အရာတစ်ခုအတွက်တော့ စိတ်မကောင်းပါ။ သေချာပြန်စဉ်းစားကြည့်ရင်တော့ အကို့ကြောင့် အဖွားသေရတယ်ဆိုတာမျိုးလဲမဟုတ်ပါပဲလေ။ အဖွားကံကြောင့် အဖွားသေ‌နှစ်စေ့လို့သာ ဒီလိုမျိုး ဖြစ်သွားခဲ့ရတာမဟုတ်လား။

အိမ်ရှေ့မျက်နှာစာမှာ တစ်ယောက်တည်းငူငူကြီး ထိုင်နေမိသည်မှာ ဘယ်အချိန်ရှိသွားပြီ‌လဲတောင် မသိတော့။ အခုဆို လောကမှာ သူနဲ့မမနှစ်ယောက်ထဲသာ ကျန်တော့မည်။ သူကိုယ်တိုင်ကလဲ တာဝန်မကျေသည့်အပြင် မုန့်ဖိုးပြန်တောင်းနေရတဲ့အခြေအနေကြောင့် အဖွားပေါ်လဲ ပျက်ကွက်ခဲ့တာတွေများသည်။ တာဝန်မကျေသလိုပင်ခံစားရတော့ မျက်ရည်များက အလိုလိုပင် ဝဲတက်လာတော့သည်။

*တောင်!*message

Message boxထဲကြည့်လိုက်တော့ မျှော်နေရတဲ့ ဖုန်းနံပါတ်လေး။

*ပြန်လာပါတော့ မောင်...
မင်းကိုစောင့်နေပါတယ်...
အကို့အပေါ် စိတ်ပြေပါတော့...*

ဒီစာလေးနဲ့ရတုကိုစိတ်ပြေအောင်လုပ်ပြန်ပြီလား။ ၇ရက်လုံးကို တစ်ရက်မှ ရောက်မလာသည့်အပြင် ဖုန်းတောင် မဆက်တာတော့ လွန်ပါသည်။ ရတု မျှော်‌ေနမိသည်မှာတော့ အမှန်ပင်။

နောက်တစ်ခေါက်ဝင်လာတဲ့ messageကတော့ လာခေါ်မည်တဲ့လေ....

###

"မမ သား အိမ်ပြန်ဦးမယ်.."

မမမျက်နှာကတော့ အိပ်မရသည်ထင်။ မျက်နှာများကလဲ ရက်ပိုင်းတွင်းကျသွားလေသည်။

"မောင်လေး..."

မမရဲ့ ဖျော့တော့နေတဲ့အသံမှာ သိသိသာသာ။

"‌မမပြောစရာရှိတယ်..မမမှာ ကိုယ်ဝန်ရှိနေပြီ.."

"ဟမ်!!"

မဖြစ်နိုင်ဘူးမလား....ရတု ခေါင်းကိုအသွင်သွင်ခါနေမိသည်။

"မောင်လေး မမကိုထင်ချင်သလိုထင်ပါ..အခုကိုယ်ဝန်က မမချစ်တဲ့ယောကျာ်းနဲ့ရတာမဟုတ်ဘူးမောင်လေး...မမအရင်လိုတေမလုပ်တော့ဘူးဆိုတာလဲ သိတယ်မလား....ဟင့်!!.."

ရူးWhere stories live. Discover now