11

682 33 0
                                    

"မောင် .... အကို အိမ်ရှေ့ရောက်ပြီ ...."

"ဟုတ်အကို ....အိမ်ထဲ ခဏဝင်ထိုင်ပေးဦးနော် ...ကျွန်တော်ရေချိုးနေတုန်းမို့"

"ဟုတ်ပြီ...မောင်"

ရက်ပိုင်းအတွင်း မောင်နှင့်ပိုပြီး နီးစပ်လာတော့သည်။ မောင့်အနားမှာရှိတဲ့ အချိန်ဆို မော်ကွန်း အရမ်းပျော်သည်။ မောင်အနားမှာမရှိရင် လစ်ဟာနေသလိုခံစားချက်ကြီး ဖြစ်တည်နေတော့ သူမတွေ့ရမနေနိုင်။ မောင်နဲ့စကားတွေအများကြီး ပြောချင်သည်။ မောင်နှင့် အချိန်တိုင်းတူတူရှိချင်သည်။ မောင့်အချိန်တွေ အကုန်လုံးကို သူ့အတွက်ပဲဖြစ်စေချင်သည်။

"သား....ထိုင်...မြေးလေးမပြီးသေးဘူး"

"ဟုတ်ကဲ့ဗျ ဖွား...."

"ဖွားတို့ဒီနေ့ နယ်ပြန်ဖို့ရှိတယ် သား မြေးလေးအမနဲ့ဖွားနဲ့ ဖွားရဲ့ဝမ်းကွဲအမဆုံးသွားလို့လေ အဲ့ဒါ၃/၄ရက်လောက်သွားဖြစ်မယ် သားကပဲ မြေးလေးကိုဂရုစိုက်ပေးပါဦးနော် ..."

မောင့်ဖွားနှင့် မော်ကွန်းအတော်လေးပင်ရင်းနှီးလာတော့သည်။ ဖွားက မော်ကွန်းနှင့်ဆိုလျှင် ရတုကိုစိတ်ချသည်။ သူ့မြေးလေးအတွက် မော်ကွန်းကိုစောင့်ရှောက်ပေးဖို့ပင် အပ်ထားသေးသည်။

"ဟုတ်ကဲ့ပါဗျ...ဖွား.....ကျွန်တော့်အိမ် ခေါ်ထားလိုက်ရမလားဖွား...သူခြေထောက်မသက်သာသေးတော့ အဆင်ပြေမှာမဟုတ်ဘူး"

မော်ကွန်းမှာ မောင်နှင့်ပိုနီးစပ်ချင်တာကြောင့်လည်းပါသည်။ မော်ကွန်း မောင့်ကိုတစ်စကန့်မျှပင် အပျောက်မခံချင်တော့။

"အေး သား အဲ့လိုလုပ်လို့ရရင်လည်း ခေါ်ထားလိုက်ပါနော် ...သားအဆင်ပြေရင်....မြေးလေးကိုလည်းပြောလိုက်ပေါ့"

"ဟုတ်ကဲ့ပါဗျဖွား..... ကျွန်တော် ကားစီစဉ်ပေးမယ်ဗျ ဖွားဘာနဲ့သွားမှာလဲ"

"Expressနဲ့‌သား....ကားတော့ မလုပ်ပါနဲ့ကွယ် ....ဖွားအားနာလို့ပါ"

"ရတယ် ဖွား...ဖွားလည်းပင်ပန်းမယ်...ကျွန်တော်...ကားတစ်စီးလွှတ်လိုက်မယ်...အဲ့ဒါနဲ့ပဲသွားလိုက်ကြလေ "

ထိုအချိန် ရတု ‌ပြင်ဆင်ပြီး၍ အခန်းထဲကထွက်လာခဲ့သည်။

"အကို အဖွားကို ကားတစ်စီးစီစဉ်ပေးလိုက်မယ်...အသက်အရွယ်ရနေပြီဆိုတော့ Expressစီးရင် ပင်ပန်းမှာစိုးလို့"

ရူးTempat cerita menjadi hidup. Temukan sekarang