17

695 38 3
                                    

အိမ်ပြန်ရောက်သည်နှင့် ရတု ရေမိုးချိုးပြီး အိမ်သန့်ရှင်းရေး လုပ်သည်။ အကိုက တစ်ယောက်ထဲနေသူမို့ များများစားစားရှင်းစရာမရှိ။ သူအခုမှ သတိထားမိသည်။ အကို့ အိမ်တွင် ဘုရားစင်ကို သူ‌မတွေ့ချေ။ အကိုကဗုဒ္ဓဘာသာ မဟုတ်ဘူးဖြစ်မည်။

အားနေတာနှင့်ပဲ အပေါ်ထပ်အောက်ထပ် ရှင်းလင်းပေးပြီး အကိုဗီရိုထဲက အဝတ်တွေကို စီစီရီရီခေါက်ထည့်ပေးလိုက်သည်။ အကို့အိမ်က ကျယ်သည့်အနေထားအရ Dressing Roomကို သပ်သပ်ထားထား၏။

အကိုက သေသေသပ်သပ်ဝတ်တတ်သူပီပီ ရတုတို့အိမ်ရဲ့ဧည့်ခန်းအကျယ်အဝန်းလောက်ရှိသော Dressing roomသည် ခမ်းနားထည်ဝါလှသည်။ ထိုမျှမကသေး Luxury brand နာရီတွေကိုလည်း စီစီရီရီမှန်ဘောင်ထဲထည့်‌ထားသေး၏။

"ဘာလုပ်နေတာလဲ....."

‌အနောက်ကနေ အကို့အသံကြားတော့ ရတုခန္ဓာကိုယ်လေး သိမ့်ခနဲဖြစ်သွားသည်။ အကို့ပုံစံက ရေချိုးပြီးခါစပုံစံဖြစ်နေသည်။ ဆံပင်တွင် ရေစက်များတွဲခိုလျက်။ ညဝတ်အကျီပုံစံလိုပင် ဝတ်ထားတာကြောင့် အကို့အသား ဖြူဖြူဖွေးဖွေးက ထင်းကနဲ။

"ကျွန်တော်ပျင်းလို့ ...အကို့ အင်္ကျီလေးတွေခေါက်ပေးနေတာ"

"ပင်ပန်းမယ်.....သက်သောင့်သက်သာနေစေချင်လို့ခေါ်လာတာလေ ..... အေးဆေးနေပါ မောင်ရဲ့...."

"ဟီး.....ကျွန်တော်လည်း အားနေလို့ပါ"

"ဘဲကင်မှာထားတယ် အောက်ထပ်မှာ တူတူသွားစားရအောင် မောင်...လာ"

ထမင်းမစားဖြစ်ကြတော့ Tvရှေ့မှာပဲ နှစ်ယောက်လုံး ဘဲကင်ထိုင်စားသည်။ အကိုက Series တစ်ခုဖွင့်လိုက်တော့ သူလည်း အကိုနှင့်အတူ လိုက်ကြည့်မိသည်။

"မောင်....ဒီကားကောင်းတယ်.....ကြည့်ကြည့်"

ရတုလည်း အကိုပြောလို့သာ ကြည့်နေတာ သေချာတော့မသိ။ နာရီဝက်လောက်ကြာတော့ ရတုနားလည်လာတော့သည်။

မော်ကွန်း Tv ထဲအာရုံရောက်နေတဲ့ မောင့်မျက်နှာကိုကြည့်မိတော့ မောင်က မျက်ခုံးများတွန့်ချိုးလျက်။ မော်ကွန်းကိုလည်း တစ်ချက်တစ်ချက်ခိုးကြည့်လာသေး၏။

ရူးWhere stories live. Discover now