23

548 38 0
                                    

"နမ်းလို့ရလား အဲ့နှုတ်ခမ်းလေး‌‌ေတွကို"

"ဗျာ"

"ရည်းစားမဖြစ်ခင် နမ်းလို့မရဘူးလို့ ဘယ်ဥပဒေမှပြဌာန်းမထားဘူးလေ မောင်ရာ...."

အကို့မျက်လုံးများက ရတုနှုတ်ခမ်းကမခွာ။ စကားများပြောနေရင်းပင် အကြည့်များက အရိုင်းဆန်စွာ။ ရတုနေရခက်စွာနှင့်ပဲ ခေါင်းငုံ့ချလိုက်သည်။

"မနောက်နဲ့ အကို....ကျွန်တော်အတန်းထဲသွား‌တော့မယ်"

ရည်းစား စကားပြောပြီးတဲ့နောက်ပိုင်း ရတုအတွက် အကိုကပိုရဲတင်းလာတယ်လို့ပင်ခံစားလာရ၏။ ပိုင်စိုးပိုင်းနင်းနှင့်ပင်ရတုကို ဆက်ဆံသေးသည်။

"ဟောဗျာ....အနမ်းခံလိုက်လို့လည်း အဲ့နှုတ်ခမ်းလေး ဘာမှမဖြစ်သွားပါဘူးမောင်ရာ....ခံကြည့်ပါလား"

ရတု ခါးပတ်ကိုဖြုတ်ပြီး ကားပေါ်ကထွက်တော့မည်အလုပ် အကို့လက်များက ရတု့လက်ပေါ်အုပ်မိုးလာလေတော့သည်။

"တကယ် အဲ့နှုတ်ခမ်းတွေကို ရူးရူးမူးမူးလိုချင်နေခဲ့တာပါ"

အကို့ မျက်လုံးစူးရှရှတို့ကို ရတု မကြည့်ရဲ။

"အကိုရာ ‌ဖယ်နော်...ရည်းစားတောင်မဖြစ်သေးဘူး....လွှတ်..."

ရတု ကားပေါ်ကနေ ခပ်သုတ်သုတ်ဆင်းလိုက်တော့သည်။

ကားထဲက မော်ကွန်းမျက်နှာကတော့ အရင်နေ့တွေကထက်ကိုပိုပြီး ‌ကြည်လင်နေတော့သည်။ မျက်လုံးများမှေးနေသည်အထိ ပြုံးစိစိလုပ်ပြီး ရတုကို ကားထဲကနေ ကြည့်နေပါသေးသည်။

အကိုဖွင့်ပြောပြီးတဲ့နောက် ရတုတို့ဆက်ဆံရေးက အရင်ကထက်ပိုပြီး နီးစပ်လာတော့သည်။ မနက်တိုင်းကျောင်းလာကြိုသည့်အပြင်ကျောင်းဆင်းချိန်တိုင်းလည်း အကိုနှင့်အတူတူ။

ရတုသူငယ်ချင်း‌တွေနဲ့တောင် အရင်လို သိပ်ပြီးမသွား မလာဖြစ်တော့။

-------

စာမေးပွဲမဖြေခင် ကျောင်းသင်္ကြန်ရှိတာကြောင့် ‌ရတုက တခြား မေဂျာက Kingများနှင့် ပွဲအစီအစဉ်များအတွက်ပြင်ဆင်ရသည်။ ပထမဆုံးအကြိမ်မို့ တခြားseniorများနှင့် သင်္ကြန်အတွက် တူတူတိုင်ပင်ရသည်။

ရူးWhere stories live. Discover now