22

575 35 0
                                    

ပုံမှန်‌ကျောင်းတက်ရက်တွေလိုပဲ ရတု မနက်ကတည်းက ပြင်ဆင်ပြီးကျောင်းသို့လာခဲ့သည်။

အကိုနှင့် အရင်ရက်တွေကတူတူလာနေကျပေမယ့် နောက်ပိုင်း အကို့ ဂျူတီချိန်ပြောင်းသွားတာကြောင့် မနက်ပိုင်း မအားတာနှင့် သူငယ်ချင်းတွေနဲ့အတူ ကျောင်းသို့ရောက်လာခဲ့သည်။

ရနေကျ မြေသင်းရနံ့ကလည်း နှာခေါင်းထဲသို့စူးခနဲ။

အဆောင်ရှေ့ မရောက်ခင် Bus car မှတ်တိုင်က မုန့်စားတန်းကတော့ အရင်နေ့တွေကလောက် စည်မနေပါ။

ရတုတို့သူငယ်ချင်းတွေ အရင်ရက်တွေထက် ဒီနေ့မှ ထူးပြီး စောရောက်လာခြင်းဖြစ်၏။

အဆောင်ရှေ့ရောက်တော့ ရတု ခြေလှမ်းများ ရပ်တန့်သွားကာ ရတု နှလုံးသားတစ်ခုလုံး ဆွဲခါယမ်းသွားသလိုပင်။

ကျောင်းသားတချို့ရဲ့တီးတိုး စကားသံများက နားထဲသို့ မရေမရာရောက်လာတော့သည်။

"ဟဲ့...ဟဲ့ မိုက်လိုက်တာ....ဘယ်သူလည်းမသိဘူး "

ကျောင်းသားတို့ရဲ့ ခြေလှမ်းများကလည်း အဆောင်‌ေရှ့မှာတင် ရပ်တန့်နေကြလျက်။

"အရမ်းချစ်တယ် အကို့အပိုင်ဖြစ်ပေးပါနော် ..... မောင်"

ထိုစာတန်းနှင့် ဆိုင်းဘုတ်အရှည်တစ်ခုက ကျောင်းရဲ့အဆောင်ရှေ့ အုတ်နံရံပေါ်ထင်းကနဲ ။

ပြီးနောက် နှင်းဆီပန်းတစ်ချို့နှင့်ပင် ပုံဖော်ထားသော အသည်းပုံ နှင်းဆီပန်းပွင့်များ ။ သေသေချာချာ နှင့် အနုစိတ်အောင်ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ရတု နှလုံးသားများ ပေါက်ထွက်တော့မလိုပင် ။

ကျောင်းအစောင့်သည်လည်း ထိုဆိုင်းဘုတ်အကြီးကို နံရံကနေ ဖယ်ဖို့မကြိုးစား။ တမင်အလှကြည့်နေသည်လားတောင် ထင်ရသည်။

တော်သေးသည်က ဆရာ/ဆရာမ တော်တော်များများက ကျောင်းနောက်ကျမှ လာတတ်တာကြောင့်ပင် ။ ထိုဆိုင်းဘုတ်ကိုမတွေ့သေးတာဖြစ်မည်။

"ဟဲ့.....ရတု"

"ဟမ်"

သူငယ်ချင်းတွေက ဘေးကနေ ခေါ်မှသာ ရတု အသိပြန်ဝင်လာသည်။

ရူးजहाँ कहानियाँ रहती हैं। अभी खोजें