"မောင် ... လွယ်အိတ်ထဲ ၅သိန်းထည့်ပေးထားတယ်..မောင်ကျောင်းမှာလိုအပ်တာရှိရင်သုံးဖို့..."
"ဗျာ...အကို...နှစ်ရက်စာသုံးဖို့အဲ့လောက်မလိုပါဘူးအကို....ကျွန်တော်ကအိမ်မှာဆို တစ်ရက် ၂ထောင်ပဲရတာ"
ရတု ကိုယ်တိုင်ကပင် ပိုက်ဆံများများ မသုံးတတ်သူမို့ မုန့်ဖိုးအများကြီးမကုန်။ အိမ်ရဲ့ငွေရေးကြေးရေးအခြေအနေကြောင့်လည်း ရတုအများကြီးမတောင်းလို။ ၅သိန်းဆိုတဲ့ပမာဏက ရတုမုန်ဖိုးအတွက်ဆိုတစ်လစာမျှလောက်ပင်သုံးမကုန်နိုင်အောင်များနေသည်။
"လူကြီးကပေးရင် မငြင်းရဘူး...လိမ္မာလို့ပေးတာ....ပြီးတော့ ချစ်ဖို့ကောင်းလို့"
ရတုမနေတတ်တော့ အကိုကသူ့မျက်လုံးများကိုသေချာစိုက်ကြည့်ပြီးပြောနေခြင်းပင်။ ခပ်ပြုံးပြုံးလေးနဲ့ပြောနေတော့ ရတုပိုပြီးရှက်ကိုးရှက်ကန်းပင်ဖြစ်လာသည်။
ထိုပမာဏလောက်သောငွေကြေးက ရတုဘဝမှာ တစ်ခါမျှမုန့်ဖိုးမရဘူးချေ။ သူတို့အိမ်သုံးစရိတ်လျှင်ပင် တစ်လကို၅သိန်းမပြည့်။ အကိုက ငွေအတော်သုံးနိုင်သည်ဖြစ်မည်။
ရတုလည်းဘာမျှထပ်မပြောလိုတော့....
"ဟုတ်....အကို....ကျွန်တော်သေချာသုံးပါ့မယ်..."
အကိုက ခေါင်းလေးတစ်ချက်ညိတ်ပြရင်း ရတုခြေထောက်လေးကိုကြည့်လာပြန်၏။
"ခြေထောက်....သက်သာတယ်မလားမောင်"
ခြေထောက်တင်မကသေး အကိုက ရတု တစ်ကိုယ်လုံးကို မျက်တောင်မခတ်အပေါ်အောက် ကြည့်နေသေး၏။ ရတုနေရခက်စွာပင် အကို့ဆီကအကြည့်လွှဲ၍ ပြန်ဖြေလိုက်သည်။
"သက်...သာပါတယ်အကို"
"မောင်....ဒီဝတ်စုံလေးနဲ့အရမ်းလိုက်တာပဲ....ချစ်ဖို့အရမ်းကောင်းတယ်..."
"ဗျာ...အကို...ထင်...ထင်လို့ပါ...."
မော်ကွန်း ဝယ်ပေးထားတဲ့ အပြာနုရောင် လုံချည်နဲ့လက်ရှည်ဝမ်းဆက်လေးဝတ်ထားသည့်ရတုပုံစံလေးက မထိရက်မကိုင်ရက်ချင်စရာကောင်းလောက်အောင် နုဖက်ပြီး ရှင်းသန့်နေသည်။ ခြေဖျားလက်ဖျားလေးတွေရဲရဲလေးကလည်း ထိုဝတ်စုံနှင့်မှ ပို၍ရဲနေသယောင်။ မော်ကွန်းအကြည့်တို့ မောင့်ဆီက မလွှဲချင်တော့။ မော်ကွန်းပြောလိုက်တော့ မောင်က ရှက်သွားပုံရကာမျက်တောင်လေးတခတ်ခတ်နှင့် အကြည့်လွှဲသွား၏။
YOU ARE READING
ရူး
Non-Fictionမော်ကွန်း ။ ။ လူတစ်ယောက်ကိုစွဲလမ်းမိရင် ....အရူးလိုပါပဲ.... မောင်။ ။ ခင်ဗျားရဲ့အချစ်က.....မိုက်ရူးရဲဆန်လိုက်တာ.... မော်ကွန်းထင်ရှား x ရတုသက်မောင်