13

744 36 0
                                    

"ဒေါက် ..... ဒေါက်...."

"အကိုဝင်ခဲ့မယ်နော်..."

ရတု ခြေထောက်လက်ထောက်ဆေးကြောပြီးသည်နှင့် အကို‌ပေးထားတဲ့ အကျီရှည်နှင့် ဘောင်းဘီရှည်လေး လဲဝတ်ထားလိုက်၏။ အကိုပေးထားတဲ့အဝတ်အစား‌လေးတွေရဲ့အနံ့က ထူးခြားသည်။ ပူရှိန်းအနံ့နှင့်ပင်ခပ်ဆင်ဆင်။

၁၀နာရီဝန်းကျင်ဖြစ်နေပြီမို့ ရတု အိပ်ဖို့ပင် ပြင်‌ဆင်နေတော့သည်။ ပုံမှန်ဆို ရတုအိမ်မှာ ၁၀နာရီလောက်ဆို အိပ်နေပြီဖြစ်သည်။

"ဟုတ်အကို....ဝင်ခဲ့နော် "

"အော် .... အိပ်တော့မလို့လား....မောင်....အကို ခုဏက အလုပ်ကိစ္စလေးရှိလို့အခုမှပြီးတယ်..."

"မအိပ်သေးပါဘူးအကို...."

မော်ကွန်း ရတုကို ခေါင်းစခြေဆုံး ကြည့်လိုက်မိတော့  ဝတ်ထားတဲ့အကျီထဲ မောင့်ကိုယ်လုံးလေးကနှစ်မြုပ်လျှက်။ ပုံမှန်ဆို မော်ကွန်း bodyက အရမ်း ကြီးတဲ့ထဲမပါပေမဲ့ အရပ်ရှည်ရှည်ဒေါင်ကောင်ကောင်းsizeမို့ မောင်အတွက်ကြီး‌နေသယောင်။

မောင်အေးမှာစိုး၍သာ shirtလက်ရှည်လေးပေးလိုက်ရပေမဲ့ မောင့်လည်ပင်းသားများကို ထိုအင်္ကျီကကာရံထားတော့ မော်ကွန်းစိတ်တိုင်းပင်မကျတော့ ။ အချစ်ဆုံးမောင်က ဒီနေ့သူနဲ့တူတူနှစ်ယောက်ထဲရှိနေလေပြီ။  ‌ထိုအတွေးများက မော်ကွန်းကို ပျော်ရွှင်စေခြင်းအတိပေး၏။

"မောင်တစ်ခုခုလိုရင်ပြောနော် အကိုကညဘက်နောက်ကျမှ အိပ်တာ ....မောင်အဆင်မပြေတာရှိရင်နှိုးလိုက်"

"ဟုတ်အကို....ကျွန်တော် ခနနေအိပ်တော့မှာ"

မောင့်ပုံစံလေးကြည့်တော့ အိပ်ချင်မူးတူးပင်ဖြစ်နေတော့၏။

"အာ့ဆို....အကို ထွက်သွားရတော့မှာလား အခန်းထဲကနေ"

ရတု အိပ်ငိုက်နေပြီဖြစ်ကာ စကားများပင်ဆက်မပြောနိုင်တော့။ အကို့အိမ်က သက်သောင့်သက်သာရှိသည်။ airconနဲ့မို့အနည်းငယ်အေးပေမဲ့လည်း ရတု ကြိုက်၏။ ပုံမှန်ဆို ရတုအိမ်မှာ ပန်ကာလေးသာရှိသောကြောင့်ဖြစ်သည်။ အကို့အိမ်ကတော့ ရေမီးအစုံနှင့်ပင်။

ရူးWhere stories live. Discover now