"ခြေချင်းဝတ်ထိသွားတယ် လမ်းလျှောက်လို့ သိပ်အဆင်ပြေမှာမဟုတ်သေးဘူး...အကိုတောင်းပန်ပါတယ်...အကို့ကြောင့်လန့်ပြီးဖြစ်သွားတာ"
ရတု ခြေချင်းဝတ်လေးကို တယုတယကိုင်ပြီး ပတ်တီးစီးပေးနေသည့် မော်ကွန်းထင်ရှားဆိုသူသည် ရတုကို အချိန်ခနလေးမှာပဲ ပြုစားနေသလားထင်ရသည်။ နွေးထွေးသည်။ ကြင်နာသည်။ ရတုကိုမမြင်ရတဲ့ ကြိုးတွေနဲ့ချည်နှောင်ထားသလိုပင်။
"ရပါတယ် ....အကို...အကို့ကြောင့်မဟုတ်ပါဘူး"
"အကို့ကြောင့်ပါ"
မျက်နှာလေးညှိုးနေလျှက် ရတုကိုတောင်းပန်လာလေသည်။
"တစ်ပတ်လောက်တော့ လမ်းလျှောက်ရ အဆင်မပြေဖြစ်လိမ့်မယ်.... နောက်ရက်တွေ ကျောင်းကို အကိုလိုက်ပို့ပေးပါမယ် နော်...ရတယ်မလား"
ရတုဘာပြန်ဖြေရမလဲမသိတော့။ ဒီအခြေနေနဲ့ဆို busစီးရတာလည်းအဆင်မပြေဖြစ်မည်။
"ဟို...အကိုအဆင်ပြေပါ့မလား အလုပ်တစ်ဖက်နဲ့ဆိုတော့ ကျွန်တော်အားနာလို့"
"ဟာ...ကွာ ....မောင်က အကို့ကို တကယ်မခင်သေးတာလား...အားနာရမဲ့သူမဟုတ်ဘူးလေ....မောင့်အတွက် မောင်သာ အဆင်ပြေမယ်ဆို အကုန်လုံးကိုတောင် ဖြည့်ဆည်းပေးချင်တဲ့သူပါ... အကိုက အဲ့လိုလူမျိုးပါ"
ရတု အကို့စကားကြောင့် နေရခက်လှသည်။ လောလောဆယ် အခန်းထဲနှစ်ယောက်ထဲရှိသည့်မို့ အကို့ရဲ့စကားတွေကို ပိုပြီးထင်ရှားပြတ်သားနေအောင်ကြားနေရ၏။ ပြီးတော့နှစ်ယောက်သားတစ်ယောက်ကကုတင်ပေါ်မှာ အကိုကတော့မတ်တပ်လျက်သားလေးနဲ့ သူ့အနားကပ်ကာ ချွဲချွဲနွဲ့နွဲ့လေးပြောလာနေတော့ ရတု အရည်ပင်ပျော်ချင်လာတော့သည်။ ရင်ခုန်နေတာလားတော့သူသေချာမသိပါ။
အကိုကစကားအရမ်းတတ်သည်လေ။ အကိုကစကားပြောလျှင် ရတုမျက်နှာကို မလွှတ်စတမ်းကြည့်ပြီးပြောတတ်သည်။ မျက်လုံးကနေတစ်ဆင့် နှလုံးသားထဲထိရောက်အောင်စကားပြောတတ်သည့်အကိုသည် သူ့အတွက်တော့ အစိမ်းသက်သက် ခံစားမှုများဖြစ်လာအောင် ပြုစားနေလေ၏။
"အကို ကျွန့်တော်ဆီလာခေါ်ရမှာနဲ့ ကျောင်းပြန်ပို့ရတာနဲ့ဆို...အလုပ်မီပါ့မလား"
YOU ARE READING
ရူး
Non-Fictionမော်ကွန်း ။ ။ လူတစ်ယောက်ကိုစွဲလမ်းမိရင် ....အရူးလိုပါပဲ.... မောင်။ ။ ခင်ဗျားရဲ့အချစ်က.....မိုက်ရူးရဲဆန်လိုက်တာ.... မော်ကွန်းထင်ရှား x ရတုသက်မောင်