35

523 28 0
                                    

"ဘာအသံမှမကြားချင်ဘူး...မောင် ကျောင်းကိုတောင်လွှတ်ချင်တာမဟုတ်ဘူး အကို့အကြောင်းသိတယ်နော်..."

ကားပေါ်ကဆင်းကာ ရတု တံခါးကို ခပ်ပြင်းပြင်းဆွဲပိတ်လိုက်၏။ အရင်လိုစိတ်ကပျော်ရွှင်မနေတော့ဘဲ လေးလံနေတော့သည်။ ကျောင်းအကြိုအပို့ကအစ ရတုကို ကလေးတစ်ယောက်လိုပင် မျက်စိဒေါက်ထောက်ကြည့်နေသော အကို့ကြောင့် လွတ်လပ်မှုတို့ပျောက်ဆုံးသလိုပင်ခံစားနေရတော့သည်။

"ဟုတ် .... အကို သွားတော့မယ်..."

စိတ်ထဲကအတွေးများကို အံတုကာ ထွက်လာသာစကားများမှာတော့ ဆန့်ကျင်ဘက်။ နာခံနေမိတာ‌ေတာ့အမှန်ပင်။

" အပြန်လာကြိုမယ် အကိုမသိတာလုပ်လို့ကတော့ မင်း မလွယ်ဘူးနော် မောင်..."

ထိုသို့ပြောပြီး အကို့ကားလေးထွက်သွားတော့သည်။

အဆောင်ထဲသို့ လေးလံနေသောစိတ်များနှင့် ရတုဝင်လာလိုက်တော့၏။

_____

"ဟေ့ရောင် ဒီနေ့အပြင်သွားရအောင်ကွာ ငါတို့ သူငယ်ချင်းတွေ မစုတာကြာပြီ...."

"အေး ဟုတ်တယ် စာလဲ သိပ်သင်သေးတာမှမဟုတ်တာ... သွားမယ်...ရုပ်ရှင်သွားကြည့်ရအောင်...ရတု"

ကျောင်းစစဖွင့်ရက်မို့ လူသိပ်မစုံသေးတဲ့အပြင် စာ‌သင်ချိန်ဟာလည်း အချိန်ပြည့်မသင်ကြားရ။ သူငယ်ချင်း လေးယောက်မစုံတာကြာနေသည့်အပြင် ရတုလည်း ရုပ်ရှင်ကြည့်‌ချင်သည်။

"‌ဟဲ့ ရတု ဘာစဉ်းစားနေတာလဲ...ဘာလဲ...နင့်ဘဲကြီးမလွှတ်လို့လား..."

"ဟာ....မဟုတ်ပါဘူး ငါသူ့ကိုတော့ပြောလိုက်ဦးမယ်..."

အစစအရာရာရတု အကို့ကိုအရင်အကြောင်းတင်ရသည်။ မဟုတ်လျှင်လည်း မလွယ်ကူပါ။ ရတုကို အချိန်တိုင်းအလွတ်မပေးတာကြောင့် သူမပါပဲ သွားလျှင်လည်းစိတ်ဆိုးမည်ကိုစိုးသည်။

"နင့်ဟာကလည်း လူငယ်ပဲ ဘာဖြစ်လဲ... သမီးရီးစားပဲဟာ...."

ရှင်းသန့်ကမဲ့ကာရွဲ့ကာပင်ပြောတော့ ရတုဘားမှဆက်မပြောချင်တော့ပါ။ သူလည်းသူ့အကြောင်းသူသိသည်။ အကို့ကိုမှ အသိမပေးရလျှင်သူမနေတတ်။ အကိုတစ်ခုခုလုပ်မှာလည်း စိုးရိမ်တာကြောင့်ဖြစ်၏။

ရူးWhere stories live. Discover now