"အကို့ကိုစိတ်ဆိုးနေတာလား"
ရတု မျက်နှာကို အောက်ဘက်သို့ပင်ငုံ့ထားဆဲ။ ချစ်သူရီးစား ဆိုတဲ့ခေါင်းစဉ်အောက်က စည်းတချို့ကို အကိုကအရင်ဖောက်ဖျက် ခဲ့တာမဟုတ်လား။ သူတောင်ဆုံးဖြတ်ခွင့်မရပဲ အကိုက "ခိုးပြေးတယ်"ဆိုတဲ့ စကားနဲ့ အနိုင်ယူသွားတာလေ။
"အိမ်ပြန်ချင်တယ်...."
အသံဖျော့တော့တော့က တိတ်ဆိတ်နေသောလေထုကို ထိုးဖောက်၍ ညင်သာစွာထွက်ပေါ်လာသည်။
"ပြန်ပို့ဖို့ ခိုးလာတာမဟုတ်ဘူးလေမောင်ရာ ... ဒီညတော့ အေးဆေးအိပ်လိုက် အကိုမနက်ကျ အိမ်လိုက်ပို့ပေးမယ် ..... လိုတာတွေ သွားယူရအောင်....မောင့်အဘွားကို တော့ အကိုကြည့်ပြောလိုက်မယ်"
ရတု သူ့မမကို ဘယ်လိုဆင်ခြင်မျိုးပေးရမလဲ မသိတော့ပါ။ ယောကျာ်းတစ်ယောက်က နောက်ယောကျာ်းတစ်ယောက်ကို ခိုးပြေးတယ်ဆိုတာ သဘာဝနှင့်ဆန့်ကျင်နေသည်လေ။
"အကို....ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး ....."
"တော်တော့ မောင် ...မောင်အကို့ကိုချစ်တယ်ဆို...နှစ်ယောက်အတူတူရှိရတော့မယ့်ဟာကို .... မောင်ပျော်နေရမှာလေ..."
ရတု မျက်ရည်များ တစ်ဖန် ဝဲတက်လာပြန်ေလသည်။
"အပေါ်ထပ် တက်တော့ ညစာ လုပ်ထားပေးမယ်...."
မော်ကွန်း ပြောနေပေမယ့်လည်း ဆိုဖာပေါ်မလှုပ်မယှက်။
"အ!!....ချပေး အောက်ကို"
ပြောမရတော့ ထိုင်နေတဲ့ မောင့်ကို ပေါင်အောက်ကနေ လက်လျှိုသွင်းပြီး မချီလိုက်တော့သည်။
"ပြော စကားနားမထောင်ရင် မကြိုက်ဘူးနော် မောင်...အေးအေးဆေးဆေးပြောနေတုန်း ငြိမ်ငြိမ်နေ ပြီးမှကိုယ့်အဆိုးမဆိုနဲ့...ကြားလား"
ပွေ့ချီလျက်သားပင် ရတုရဲ့နှုတ်ဖျားသို့နီးကပ်လာတဲ့ အကို့ရဲ့ဝင်လေထွက်လေက ကျီစယ်နေသယောင်။
"ပြွတ်စ်"
မျက်လုံးလေးပေကလပ်ပေကလပ်နှင့် ရတု အကို့မျက်နှာကို ကြည့်နေမိဆဲပင်။ ရတုနှာဖူးထက်သို့ အနမ်းတပွင့်လျင်မြန်စွာ ကျရောက်လာသည်။ အကို့ရဲ့ နှုတ်ခမ်းများကို စိုက်ကြည့်မိတော့ ရတု အရာရာကိုပင်မေ့သွားသယောင်။
"ဆိုးရင် တကိုယ်လုံး နမ်းပြစ်မှာ ငြိမ်ငြိမ်နေ"
ထိုသို့ပြောပြီး အပေါ်ထပ်သို့ပင် ရတုကိုယ်လေးကို မချီလာတော့သည်။
အပေါ်ထက်ရောက်တော့ မော်ကွန်းသူ့အခန်းတံခါးကိုဖွင့်ဖို့ရန် ရတုကိုယ်လေးကို လက်တစ်ဖက်ထဲနဲ့ ပွေ့ချီလိုက်သည်။
"ကျွန်တော် ဟိုဘက်အခန်းမှာအိပ်မှာ..."
"ရတုမောင်.....ခင်ဗျားလေးရဲ့ယောကျာ်း အခန်းထဲမအိပ်လို့ ဘယ်အခန်းသွားအိပ်မလိုတုန်း...နောက်လဲ တူတူအိပ်ရမှာကို အပိုတွေမလုပ်နဲ့ကွာ"
လျင်မြန်စွာပင် အခန်းတံခါးကိုဖွင့်ပြီး ရတုကိုယ်လေးကို ကုတင်ပေါ်ချပေးလိုက်သည်။
ထို့နောက် ရတု လက်မောင်းများသို့အကို့လက်များက ကိုင်ဆုပ်လာပြီး ရတု မျက်လုံးများကို သေချာစိုက်ကြည့်လာလေတော့သည်။ ရင်ခုန်သံများကတော့ အတိုင်းအဆမဲ့စွာ တိတ်တိတ်လေး ထွက်ကျလာလေတော့သည်။
"မောင်..အကို့ကိုစိတ်မဆိုးရဘူးနော် အကိုကမောင့်ကိုဘယ်လောက်ချစ်လည်းဆိုတာ သိတယ်မလား"
စကားလုံးတိုင်းက ရတု ရင်ခုန်သံကို ပို၍ မြန်ဆန်စေသည်။ အကို့မျက်လုံးများက အရောင်တွေတောက်ပစွာနှင့် ရတု ကိုယ်၌ ပျေးလွှားဆော့ကစားနေတော့သည်။ ထို့နောက်ရတု ကိုယ်ပေါ်အုပ်မိုးလာကာ မျက်နှာနှစ်ခုထိစပ်လုနီးပါး နီးကပ်လာလေတော့သည်။
အကိုကတော့ ရတုရင်ခုန်သံတွေကို သေချာပေါက် ကြားနေမည်ထင်ပါသည်။
YOU ARE READING
ရူး
Non-Fictionမော်ကွန်း ။ ။ လူတစ်ယောက်ကိုစွဲလမ်းမိရင် ....အရူးလိုပါပဲ.... မောင်။ ။ ခင်ဗျားရဲ့အချစ်က.....မိုက်ရူးရဲဆန်လိုက်တာ.... မော်ကွန်းထင်ရှား x ရတုသက်မောင်