29⚠️⚠️

778 29 0
                                    

Warning 18+⚠️⚠️

"ရေချိုးဦးလေမောင် ...."

မော်ကွန်းက အသန့်ကြိုက်သည်။ သူကိုယ်တိုင်လည်း ဂျူတီချိန်ကလွဲလို့ အမြဲ မွှေးကြိုင်နေအာင်နေတတ်သည်။

"နောက်ခါ ခုဏ ဖိနပ်ဆိုင်မှာမျိုး မလုပ်နဲ့နော် ရှက်တယ်..."

"ရှက်တယ်"ဆိုသည့်နေရာတွင် မောင့်အသံလေး တိမ်ဝင်သွားသည်။

"ဟောဗျာ သူတို့ခြေထောက်သွားနမ်းတာမှမဟုတ်တာ ကိုယ့်ယောကျာ်းဟာကိုနမ်းတာလေ...."

မော်ကွန်းရေချိုးပြီးခါစဖြစ်ကာ ဆံဖျားထက် ရေတချို့ တွဲခိုနေလျက်ရှိသေးသည်။ စွပ်ကျယ် အမဲရောင်ကိုဝတ်ဆင်ထားကာ ဘောင်းဘီရှည်နှင့် တွဲဝတ်ထားသည်။ ရတု မော်ကွန်းမျက်နှာကိုခိုးကြည့်မိတော့ ရင်ဘတ်တစ်နေရာ၌ မသိမသာလှုပ်ခတ်သွားတော့သည်။

"ဟော ဘာမှလည်းမဖြေဘူး ကြည့်ဦးလေ ယောကျာ်းကို"

မော်ကွန်း ကုတင်ပေါ်မှာ ကုတ်ကုတ်လေးထိုင်နေတဲ့ မောင့်ဆီလျှောက်သွားတော့ မောင့်ကိုယ်လေးကြုံ့သွားသည်။

"ပြွတ်စ် ....ရေအရင်သွားချိုးဦး"

နှုတ်ခမ်းထက်ခတ်သုတ်သုတ်အနမ်းတစ်ခုကို ဖန်တီးလိုက်သည်။

ရတု ရေချိုးခန်းထဲသို့ ပဝါတစ်ထည်ယူကာ ရေချိုးရန်ဝင်သွားသည်။

Bathtube အကြီးတစ်ခုရှိကာ ဆပ်ပြာရည်များ စိမ်ထားသေးသည်။ နှင်းဆီပန်းဖတ်တချို့ လည်း tubeထဲမှာ နေရာယူထားလျက်။

"အွန့်!!!"

"မြန်မြန်ချိုးလေ...."

အကို့အသံဟာ ဒီနေ့မှပို၍ စွဲငင်နေသလိုပင်။
နက်နက်ရှိုင်းရှိုင်းအနမ်းတွေကို ပခုံးသားထက် ဖန်တီးလာသူမှာ  လျှင်မြန်စွာပဲ ရတု ကျောနောက်မှာနေရာယူလာတော့သည်။ ‌ဗိုက်နားတဝိုက်ထိ ရစ်တွယ်လာသော အကို့လက်များဟာ အေးနေသယောင်။ ရတု ဝတ်ထားတဲ့အကျီအပါး‌ေလးကိုပင်မချွတ်ရသေးတာမို့ အအေးဓာတ်က သိပ်တော့မပြင်းထန်ပေ။ ရေချိုးခန်းရဲ့အအေးဓာတ်ကြောင့်လားတော့မသိ ရတု ကြက်သီးများ တဖွားဖွားထလာတော့သည်။

ရူးOnde as histórias ganham vida. Descobre agora