Ep : 5

3K 292 196
                                    

Unicode

မလှမ်းမကမ်းကနေပြေးလိုက်လာသည်မို့ ချာတိတ် ကျောင်းခေါင်မိုးပေါ်တက်သွားတာမြင်လိုက်သည်။ထို့ကြောင့် ထယ်ယောင်းလည်း ဘာမှတွေးမနေဘဲ ငိုနေသူရှေ့ ခြေစုံရပ်လို့ တစ်သျှူးကမ်းပေးလိုက်သည်။ချာတိတ်က သူ့အသံကြားတော့ ခေါင်းငိုက်စိုက်ငိုနေရာကနေ ချက်ချင်းမော့ကြည့်လာသည်။မျက်ရည်‌တွေပြည့်လျှံ‌နေတဲ့မျက်ဝန်းတွေက ကြေကွဲရိပ်တွေအပြည့်။တစ်ပြိုင်တည်းဆိုသလို သူ့ကိုကြည့်တဲ့အကြည့်တွေမှာတော့ မကျေနပ်ခြင်းတို့ကပ်ပါနေတာ သူသိလိုက်သည်။သို့ပေမယ့် ဒါအခု ထယ်ယောင်း ဂရုစိုက်ရမည့်အလုပ်မဟုတ်။

ထယ်ယောင်းက ခုထိ ဘာတုံ့ပြန်စကားမှ မဆိုသေးဘဲ နှုတ်ခမ်းရဲရဲကို ပေါက်ထွက်မထက်အံကြိတ်ကာ စူးကြည့်နေတဲ့ ချာတိတ်ဘေး ဝင်ထိုင်လိုက်ကာ...

"ဘယ်က ကလေးပေါက်စန ငိုနေတာလဲလို့ ခုသေချာကြည့်မှ အဆိုးလေးပဲ !"

"ခင်ဗျားကြီးကြောင့် မက ကျွန်တော့်ကို မုန်းနေပြီ !"

"အလို ! ကိုယ်ပြောပြီးပြီလေ ကိုယ် စိတ်မဝင်စားဘူးလို့ ! ဘာလို့ ကိုယ့်ကိုအပြစ်တင်နေတာလဲ?"

သူငိုတဲ့အချိန် ဒီကင်မ်ထယ်ယောင်းက တစ်သျှူးလာ‌ပေးလိမ့်မယ်လို့ ဂျောင်ကုတကယ်မထင်ထားမိခဲ့ပါ ။အခုချိန် သူငိုနေတာ ကြည့်ပြီး ပျော်နေတဲ့သူက ဒီလူကြီးဖြစ်သင့်တာမဟုတ်လား။ဘာကြောင့် ခုလိုလုပ်သနည်း။ဒါပဲဖြစ်ဖြစ် သူ ခုလိုဖြစ်တာ ဒီလူ့ကြောင့်လေ။ဒီလူသာ မ နဲ့သူကြားမဝင်ခဲ့ရင် အားလုံးအဆင်ပြေနေမှာ။

ခုလည်းဂျောင်ကုဘေး ဝင်ထိုင်ပြီး လူကို ကလေးလိုလာဆက်ဆံနေသူအား ရှိုက်သံကြားက အသံခပ်တင်းတင်းဖြင့် မကျေနပ်ကြောင်းဆိုတော့ ဒီလူက အေးဆေးစွာပြန် ဆိုသည်။' စိတ်မဝင်စားဘူး ' လို့သာ သူပြောတာ မက သူမှသူ‌ဖြစ်နေတာကို သူ့အပြစ်လည်း မဟုတ်ပြန်ဘူးဆိုတဲ့သဘော။ဒါဆို မက သူ့ချစ်သူပါလို့ ဘာလို့ပြောတာလဲ။

လူလိမ်ကြီး..!

"လူလိမ် ! အင့် ! မကပြောတယ် ခင်ဗျားက သူ့ချစ်သူဆို ! "

"ချစ်သူမဟုတ်ပါဘူး ~ ချစ်တဲ့သူလို့ ပြောတာပါ ~"

"ခင် ခင်ဗျား သိနေတယ် ~ ခိုးနားထောင်နေတာ မလား ..?"

Love = Love ( Taekook ) ( Completed )Where stories live. Discover now