Ep : 9

2.5K 238 142
                                    

Unicode

အနီရောင်လက်ပြတ်ဘက်စကတ်ဘောဝတ်စုံလေးနဲ့ ဖြူဖြူဥဥကောင်လေးက ပျိုမဒီတို့ရင်ဖိုစရာကောင်းလောက်အောက်ကိုမိမိုက်နေပါသည်။မိုးလုံလေလုံကွင်းကြီးရဲ့ပရိသတ်ထိုင်ခုံတန်းတွေထဲကမှ အမြင့်ဆုံးတန်းတွင် တစ်ကိုယ်တည်းထိုင်နေပြီး ညာဘက်လက်ကြားတွင် ဆေးလိပ်တစ်လိပ်အားညှပ်လိုက် ရှိုက်ဖွာလိုက်ဖြင့် ဇိမ်ကျနေသည်။မှေးစင်းနေသော မျက်ဝန်းလေးတွေက မည်သူမှမရှိသေးသည့် ကွင်းကိုအကဲခက်နေသည်။

ပုံမှန်ဆိုဂျောင်ကုဆိုတဲ့သူကလေ ပတ်ဝန်းကျင်ကိုဂရုစိုက်တဲ့လူမှမဟုတ်တာ။ဒါမဲ့ အခုတလော သူများတွေအတွက်ပါ အဆင်ပြေလားမပြေလားဆိုတာ တွေးပေးမိလာသည်။ဒါကြောင့်လည်း မည်သူမှမရှိတဲ့အချိန်မှာ ခုလိုတစ်ယောက်တည်း ဆေးလိပ်လာသောက်နေခြင်းဖြစ်သည်။

" အဲ့ဆေးလိပ်တွေ မသောက်နဲ့လို့ ကိုယ်ပြောထားတယ်လေ ~"

"ကျစ် ! ဒီမှာ ခင်ဗျားကြီး ကိုယ့်ဘာသာမနေနိုင်ဘူးလားဟမ် !"

ဒုတိယအကြိမ်မြောက် ဂျောင်ကုနှုတ်ခမ်းလွှာကြားကနေ ဖြတ်ယူကာ ကြမ်းပြင်တွင်နင်းခြေခံလိုက်ရသည့် ဆေးလိပ်လေး။ဘယ်အချိန်ဘယ်လို ရောက်လာပြန်ပြီမှန်းမသိတဲ့ကင်မ်ထယ်ယောင်းကြီးကသာ တရားခံထပ်ဖြစ်ပြန်သည်။

ဒေါသအခိုးအငွေ့တွေက မျက်ဝန်းဝိုင်းအစုံထက်ဖြစ်တည်လာကာ ခပ်စူးစူးပြန်ကြည့်ရင်း ကျစ်သတ်သည်။အခုရက်ပိုင်းအတွင်း အဲ့ဒီကင်မ်ထယ်ယောင်းကြီးက သူ့ရဲ့တစ်နေ့တာတွေကို ဝင်ရောက်စွက်ဖက်လေ့ရှိသည်။စိတ်ရှုပ်သည်။ဂျောင်ကု မကြိုက်တာတွေက သူ့ကိစ္စတွေမှာ ဝင်ပါတာပဲ။

ဘာမို့လို့လဲ ?

ဘာအဆင့်နဲ့ သူ့ကိုချယ်လှယ်ဖို့ကြိုးစားနေတာလဲ?

သိပ်မုန်းသည် !

"မနေနိုင်ဘူး ! နေပြန်ကောင်းတာ မကြာသေးဘဲ သောက်ခွင့်လုံးဝမပေးနိုင်ဘူး !"

ဒီလူက ဘယ်လိုလုပ် ထပ်ပြီးအထိခိုက်ခံရက်ပါ့မလဲလေ။မကြာခင်ကမှ အပြင်းဖျားထားတဲ့ချာတိတ်ကို စိတ်ပူသည်။နေကအရှင်းကောင်းသေးတာမဟုတ်ဘူး။ပြိုင်ပွဲတောင် ပွဲကြီးနေ့မို့မဖြစ်မနေလာခဲ့ခိုင်းရတာ။ဒါကို ဂျစ်တူးချာတိတ်က နားမလည်။သူ့ကိုအမြင်မကြည်ဖြစ်နေသည်။စကားကြမ်းကြမ်းတွေသုံးလည်း စိတ်မကောင်းဖြစ်မိပေမယ့် လျစ်လျူမရှုနိုင်ပါ။

Love = Love ( Taekook ) ( Completed )Where stories live. Discover now