Ep : 10

3K 258 317
                                    

Unicode

ပြိုင်ပွဲကြီးပြီးသွားတော့ ကျောင်းတက်ရက်တွေဟာလည်း ပုံမှန်နေ့တွေလိုဖြစ်သွားကြသည်။ဝတ်နေကျ free shirt အဖြူကို jean pantအနက်နဲ့တွဲဝတ်ကာ အပေါ်ကနေ ကွက်စိတ်လက်ရှည်အနီရောင်လေးကို ထပ်ဝတ်ထားသည့်ထယ်ယောင်းက သူ့ရဲ့ပင်ကိုယ်ခန့်ညားမှုအတိုင်း ကျောင်းသားတွေကြားထင်းထွက်နေသည်။လွယ်အိတ်ကို ဘေးတစောင်းလွယ်ကာ အမြဲတည်ငြိမ်နေသူက ဒီနေ့တွင်တော့ ညှိုးငယ်နေသယောင်။အထူးသဖြင့် မှိုင်းညို့‌နေသည့် မျက်ဝန်းတစ်စုံက ပူ‌ပန်မှုတွေကို ထုတ်ပိုးထားဟန်။

တလွင့်လွင့်နဲ့ လေထုထဲဝဲပျံနေသည့် ပန်းနုရောင်ပွင့်ဖက်လေးတွေအောက် အရိပ်ကအစကြည့်ကောင်းနေသည့် ထယ်ယောင်းမှာ ပန်းချီကားတစ်ချပ်နှယ်။သို့သော် ထယ်ယောင်းကတော့ဆံပင်လေးတွေနဲ့ ပုခုံးကျယ်ကျယ်ထက် နားခိုလာသည့် ထိုပွင့်ဖက်ငယ်‌တို့ ဖယ်ထုတ်လိုက် လမ်းလျှောက်လိုက်ဖြင့်သာ အလုပ်များနေသည်။ဒါဟာ ကျောင်းဝန်းရဲ့အထင်ကရနေရာဖြစ်သည့် ချယ်ရီပင်တန်းကြီးနားရောက်တိုင်း လုပ်နေကျအပြုအမူတစ်ခုပင်။

"ထယ်ယောင်း ~"

သိလိုက်ပါပြီ ထိုအသံချိုလွင့်လွင့်က မည်သူလဲဆိုတာ။စိတ်ရှုပ်နေပေမယ့် မသိချင်ယောင်ဆောင်လို့မဖြစ်တာလည်း သိသည်။‌ကျောင်းဝန်းထဲခြေချကတည်းက အကြည့်မျိုးစုံနဲ့ရင်ဆိုင်လာရတာခြင်းအတူတူ အခုလည်း တမူထူးမနေတော့ပါ။ထို့ကြောင့် နောက်ကလှမ်းအော်လိုက်တဲ့ဒါရာကို သူရပ်စောင့်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ ဒါရာ ?"

"ဟို မနေ့က ကိစ္စလေ ဟို !"

မျက်ဆံနက်လေး‌တွေ ဘယ်ညာတိမ်းရင်းတဟိုဟိုဆိုလာသည့် ဒါရာရဲ့စကားအသွားအလာက ဘာကိုရည်ညွှန်းလဲ သူသိတာပေါ့။မနေ့က ပြိုင်ပွဲထဲတွင် ချာတိတ်ကထယ်ယောင်းကိုနမ်းမိသွား‌တာမို့ ချက်ချင်းပဲ ကျောင်းဝက်ဘ်ဆိုက်မှာ အတင်းအဖျင်းတွေရော ပုံတွေပလူ‌ပျံနေအောင်ကို တက်ချလာသည်ကိုး။သို့ပေမယ့်လည်း နာရီပိုင်းမျှသာရယ်။ဘာလို့ဆို အကုန်ဖျက်ချလိုက်တာ။သေချာသည်က ဝန်ကြီးချုပ်က လုပ်လိုက်တာဖြစ်နိုင်သည်။သူ့အတွက် အကျိုးရှိလာမည့်သတင်းမဟုတ်တော့ ပျံ့နှံ့သွားမှာမလိုလားဘူးထင်ပါရဲ့။

Love = Love ( Taekook ) ( Completed )Where stories live. Discover now