Ep : 13

2.3K 189 86
                                    

Unicode

ပိတ်ရက်ပေမို့ အပြင်ထွက်ရန် တာဆူနေသည့် ထယ်ယောင်းဟာ ညနေခင်းဆို ဖင်တကြွကြွဖြစ်နေသည်မှာ လချီလို့နေပြီဖြစ်သည်။ပုံမှန်ဆို ဒီအချိန်ဆိုင်ကိုဝိုင်းကူရင်း စာလုပ်နေကျဖြစ်သော်လည်း ယခုမူ စာထက်ပိုအရေးကြီးသည့်အရာက ပေါ်လာပြီဖြစ်သည်။အခုလည်း ဝိုင်းသာကူနေတာ စိတ်ကမပါပေ။ကြက်ကြော်တွေအား ဝိုင်းတွေမှားချပြီးရင်း မှားချနေတာဖြစ်သည်။အခုချိန်သူဆုတောင်းသည်က အော်ဒါလေးတွေမှာဖို့သာ။ဒါမှ အပြင်ထွက်ရမှာကိုးး..!

"သား ! မေမေ့ကို ပါဆယ်လေးပို့ပေးအုံး !"

"ဟုတ် မေမေ !"

ထယ်ယောင်းရဲ့ဆုတောင်းကို ဘုရားရှင်က ဖြည့်ဆည်းပေစလိုက်ပုံပါပဲ။မေမေ့ဆီက ပါဆယ်ဆိုသည့် အသံကြားရတော့သည်။ထိုအခါ ထယ်ယောင်းဟာ တုံ့ပြန်သံ မြူးမြူးနဲ့အတူ ကိုယ်ကပါဆက်ခနဲမတ်သွားပြီးတာနဲ့ ဆိုင်ကယ်ဦးထုပ်ပြေးဝတ်လေတော့သည်။

"အော် ဒါနဲ့ သားအပြန်နောက်ကျမယ်နော် ~ ပူတူးဆီ ခဏဝင်မလို့ ~"

"ငါ့သားလည်း ရည်းစားရမှ အိမ်ကိုမကပ်တော့ဘူး ~ ပူတူးးဆိုတာချည်းပဲ ~"

"ဟာဗျာ မေမေကလည်း ~ "

မေမေ့က ပြုံးစစနဲ့ပြောတော့ အရှက်ကြီးသူလူရိုးကြီးက မျက်နှာရဲတက်လာသည်မှာ ချက်ချင်းပင်။သို့ပေမယ့် မဟုတ်ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။မေမေပြောတာ အတိအကျမှန်နေတယ်လေ။အရင်ကဆို စာလုပ်ချိန်နောက်ကျမှာစိုးလို့ ဂျီမင်တို့ခေါ်ရင်တောင် အကြောင်းမျိုးစုံပြပြီးငြင်းနေကျ။မဖြစ်မနေထွက်ရရင်တောင် မိနစ်နဲ့မှတ်ပြီး အတိအကျပြန်လာသူက အခုတော့ ပါဆယ်သွားပို့ပြီဆိုသည်နှင့် အပြန်ဆို "ပူတူးအိမ် ခဏဝင်မလို့" က အမြဲကြားနေရပြီဖြစ်သည်။

ဖေဖေရော မေမေကပါ ထယ်ယောင်းတို့အကြောင်းကိုသိသည်မို့ ပူတူးအိမ်လာတိုင်း "သားငယ်လေး" ဆိုတာက နှုတ်ဖျားကမချဘဲ သူ့ထက်တောင်ပိုဂရုစိုက်ပေးတတ်သလို ထယ်ယောင်းကိုလည်း အမြဲစနောက်တတ်သည်။ကြားနေကျဖြစ်သော်လည်း ထယ်ယောင်းမှာတော့ ရှက်တာကြီးက ခုထိဖျောက်မရသေးပေ။

Love = Love ( Taekook ) ( Completed )Tahanan ng mga kuwento. Tumuklas ngayon