Ep : 11

3.4K 262 249
                                    

Unicode

The Luna ဟုအမည်ရသည့် မင်ယွန်းဂီရဲ့မိသားစုပိုင်ထဲက Clubရဲ့ အထူးခန်းတွင်သာဖြစ်သည်။ဝါကျင့်ကျင့်မီးသီးမှအရောင်ခပ်ဖျော့ဖျော့က မှိန်ပြစွာ အခန်းထဲဖြာထွက်လျက်ရှိသည်။လေဝင်လေထွက်မရှိ အသံပင်လုံသည်အထိ စနစ်တကျပြင်ဆင်ထားသည့် အခန်းကျယ်တစ်ခု။လေဘက်လေးလံလုံးဟာ အနက်ရောင်ပိတ်ဖုံးနေပြီး အခန်းကြီးရဲ့အလယ်တွင်တော့ နီညိုရောင် ဆက်တီခုံတန်းက ပြည့်စုံစွာ။ပြင်ပရှိ ဆူဆူညံညံတွေက တခါးတစ်ချပ်သာမျှခြားပြီး ထိုအခန်းတွင်တော့ အသက်ရှူသံခပ်ပြင်းပြင်းနဲ့ ရယ်သံပျော့ပျော့က ရောယှက်လျက်ရှိသည်။

‌မင်းလင်းမိုးချုပ်ဆိုတာ ဘာလဲလို့မေးယူနေရသည်အထိ အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာသည်။လက်‌ကောက်ဝတ်ရှိ ရွှေရောင်နာရီလေးအား တစ်ချက်ကြည့်တော့ မနက်လေးနာရီဖြစ်နေပြီ။ဒါဆို သူတို့ဒီကိုရောက်နေတာ ၉နာရီနီးပါးလောက်ရှိပြီဖြစ်သည်။ရှေ့ရှိအနက်ရောင်ဝတ်စုံနဲ့ကောင်လေးမှာတော့ သောက်နေလိုက်တာ ကြွက်တွင်းလေးအလား။ဘေးတွင်လည်း ပုလင်းတွေက အထပ်ထပ်ကိုဖြစ်နေပြီ။တောက်ခေါက်လိုက် မျက်မှောင်ကျုံ့ကာ ဘရန်ဒီခွက်အား ကိုင်မော့လျက်သာ။စိတ်မကြည်ဘူးထင်လို့ အလန်းလေးတွေခေါ်ရအောင်လည်း နှစ်ယောက်လုံးက ဒါမျိုးမှာကင်းကြတော့ ခက်သား။အဲ့အစား အကြောင်းရင်းကိုသာမေးတော့ ပြန်ဖြေတဲ့အဖြေကြောင့် အရက်ပါသီးမတက်...!

ကလေးစုတ် ! လက်စသတ်တော့ ရည်းစားပူမိနေတာကိုး !

"What the hell ? ထူးချွန်ကျောင်းသားက မင်းလိုကလေးကို ..!"

အာမေဋိတ်သံစူးစူးက လူလေးနဲ့မှမလိုက် ဟိန်းခနဲပင်။ဂျောင်ကုတောင် နားနှစ်ဖက်အမြန်ပိတ်လိုက်ရသည်။အစ်ကိုယွန်းဂီက ငြိမ်နေမှကောင်းတာ။

"အဲ့ဒီကင်မ်ထယ်ယောင်း ရူးနေလားမသိဘူး !"

"အစ်ကိုယွန်းဂီ !"

ဒီတစ်ကြိမ်တော့ အော်လိုက်သူမှာ ဂျောင်ကုပင်။ဒါဂျောင်ကုကို သပ်သပ်ဖဲ့တာ။အချင်းချင်းကို အဲ့ဒီကင်မ်ထယ်ယောင်းကြီးဘက်က နာနေသည်။
ဟွန့် ! လူကိုမတူဘူး မတန်ဘူးဆိုတဲ့သဘော !

Love = Love ( Taekook ) ( Completed )Onde histórias criam vida. Descubra agora